လှုံ့ဆော်မှုတွေ ထိန်းချုပ်ဖို့ ဖေ့စ်ဘွတ်အကြီးအကဲထံ အိတ်ဖွင့်ပေးစာပေးပို့
2018.04.21
မြန်မာနိုင်ငံရဲ့ Facebook လူမှုကွန်ရက်မှာ အမုန်းစကားတွေ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကို နိုင်နိုင် နင်းနင်း ကိုင်တွယ်ထိန်းချုပ်ဖို့ အရှိန်မြှင့်အားထုတ်ဆောင်ရွက်ပါမယ်လို့ Facebook ရဲ့ အမှုဆောင်အရာရှိချုပ် Mark Zukerberg က အမေရိကန်လွှတ်တော်မှာ ပြောဆိုသလို သူ့ဆီအိပ်ဖွင့်ပေးစာပို့ခဲ့တဲ့ မြန်မာလူမှုအဖွဲ့အစည်း ၆ ခုဆီ ကိုယ်တိုင်စာပြန်ပြောကြားခဲ့ပါတယ်။ တကယ်လို့ သူပြောတဲ့အတိုင်း မဆောင်ရွက်နိုင်ရင် သူပြောသလို အကောင်အထည်ဖော်ဖြစ်သည်အထိ ဆက်လက်တွန်းအားပေးသွားမယ်လို့ မြန်မာလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။