ကာကွယ်ရေးဦးစီးချုပ်နဲ့ ကက်သလစ် ဂိုဏ်းအုပ် ဆရာတော်တွေ တွေ့ဆုံ
2018.01.17
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်နဲ့ အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ပေါလ်ဂရောင် ဦးဆောင်တဲ့ အဖွဲ့တို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နေပြည်တော်မှာတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲမှာပါဝင်တဲ့ လားရှိုးမြို့ ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ဖီးလစ်ဇဟောင်း ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။