ကိုယ်အင်္ဂါမသန်စွမ်းသူများ ခွဲခြားကန့်သတ်ခံထားရတဲ့ မြန်မာ့ပညာရေး
2017.01.27
ပုသိမ်ပညာရေးကောလိပ်က ၂၀၁၆ ခုနှစ် ဆရာအတတ်သင် ဒီပလိုမာသင်တန်းအတွက် ကျောင်းသား၊ ကျောင်းသူ အရည်အချင်းသတ်မှတ်ချက်နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းရဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် သတ်မှတ်ချက်တွေမှာ ကိုယ်အင်္ဂါမသန်စွမ်းမှုတွေကို အသေးစိတ် ကန့်သတ်ထားတာနဲ့ပတ်သက်ပြီး ဝေဖန်ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။ RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။