မြစ်ဆုံဆည် ဆက်လက်ဆောက်လုပ် သင့်၊ မသင့် အကျိုးအပြစ် အပိုင်း (၂)
2016.11.08
ဧရာဝတီမြစ် မြစ်ဖျားခံရာ မြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်တွေနဲ ပတ်သက်ပြီး ဆက်လက်ဆောက်လုပ် သင့်၊ မသင့် စုံစမ်းရေးကော်မရှင်မှ အစီရင်ခံစာကို လာမယ့်နိုဝင်ဘာလ ၁၁ရက်နေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာ မထွက်ခင် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတွေ တင်မက မြန်မာနိုင်ငံ တနံတလျား က ပြည်သူတွေပါ စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။
တကယ်က အခုလောက်ကြီးမားများပြားတဲ့ ဆည်တွေကို ဧရာဝတီမြစ်ညှာမှာ ဆောက်လုပ်သင့်ပါသလား အကျိုးအပြစ်တွေက ဘာတွေများလဲဆိုတဲ့ စုစည်းချက် ဒုတိယပိုင်းကို ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြပါမယ်။