သဘာဝသယံဇာတ တန်ဖိုးနဲ့ ဂေဟစနစ် အရေးကြီးကြောင်း


2018.08.13

ပယင်းမှော်တွေ ရွှေမော်တွေရှိတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး ဘေးမဲ့တောဖွင့်နိုင်ဖို့ နဝတ အစိုးရလက်ထက်က ကြိုးပမ်းနိုင်ခဲ့တဲ့ အမေရိကန် သတ္တဗေဒပညာရှင်ဟာ ဒီလဆန်းမှာ ကွယ်လွန်သွားပါတယ်။ အဲဒီဒေသတဝိုက်မှာပဲ ယုဇနကုမ္ပဏီက မြေတွေရယူပြီး စိုက်ပျိုးရေးစီမံကိန်းနဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းလုပ်လို့ ကျားတွေနေစရာ ကျုံ့သွားပြီး ကျားထိန်းသိမ်းရေးစခန်း ထူထောင်သူရဲ့ စိတ်ကူးအတိုင်းဖြစ် မလာတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။