အယ်လ်နီညို အရေး လွှတ်တော် မှာဆွေးနွေး
2016.02.24
မြန်မာနိုင်ငံမှာ ရာသီဥတုပြောင်းလဲမှုနဲ့ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို အစိုးရဌာနဆိုင်ရာအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်ကြဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တပ်မတော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် ကိုယ်စားလှယ် ၁၄ ဦးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ထောက်ခံဆွေးနွေးကြပါတယ်။
ကိုယ်စားလှယ်တချို့ရဲ့ ဆွေးနွေးမှုတွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က ကောက်နှုတ်တင်ပြထားပါတယ်။