နိုင်ငံရေးပင်စင်အပေါ် လေ့လာသုံးသပ်သူတွေ ပြောကြားချက်
2015.12.23
နိုင်ငံရေးပင်စင်လို့ခေါ်တဲ့ တလုံးတခဲတည်း ချီးမြင့်ငွေကို လွှတ်တော်ကိုယ်စားလှယ်တွေတင်မကဘဲ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတနဲ့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေပါ ခံစားခွင့်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက မနေ့ကကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
လက်ရှိနိုင်ငံဘဏ္ဍာရေး အခြေအနေအရ ပြည်ထောင်စုအဆင့် အစိုးရဝန်ထမ်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို နိုင်ငံရေးပင်စင်ပေးရမယ်ဆိုတာဟာ မဖြစ်သင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။