စစ်တွေမြို့က ဒါးပိုင်ဒုက္ခသည်စခန်း
2016.03.02
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ၂ဝ၁၂ခုနှစ် ဇွန်လအတွင်း နှစ်ဖက်လူ့အဖွဲ့အစည်းကြား အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့စဉ်က ထောင်နဲ့ချီရှိတဲ့ ရခိုင်တိုင်းရင်းသား မိသားစုတွေလည်း နေအိမ်တွေ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ပါတယ်။ ၄ နှစ်နီးပါးအတွင်း ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေကို စစ်တွေမြို့အနီးမှာ ၂ နေရာခွဲပြီး လုံးချင်းအိမ်တွေနဲ့ နေရာချထားပေးပါတယ်။
စစ်တွေမြို့နဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ မင်းဂံရပ်ကွက်က ပြန်လည်နေရာချထားရေးစခန်းရဲ့ နောက်ဆုံး အခြေအနေနဲ့ အခက်အခဲတွေအကြောင်းကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင်က တင်ပြထားပါတယ်။