“အမေ၊ သမီး၊ အစ်မ” မှတ်တမ်းရုပ်ရှင်
2018.10.26
ကချင်ပြည်နယ်က တိုင်းရင်းသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေ မတော်မတရား အဓမ္မပြုကျင့်ခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ “Mother, Daughter, Sister” (အမေ၊ သမီး၊ အစ်မ) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ George Washington တက္ကသိုလ် Elliott နိုင်ငံတကာရေးရာကျောင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ပြသခဲ့ပါတယ်။
RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။