ဒုက္ခသည်ပြန်ပို့မယ့်အစီအစဉ် စိုးရိမ်စရာရှိနေသလား
2018.11.02
နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေး အစီအစဉ်ကို ခဏရပ်ဆိုင်းထားဖို့ အာရှလွှတ်တော်အမတ်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ ဒီဒုက္ခသည်တွေရဲ့ လုံခြုံရေး စိတ်မချရသေးတာကြောင့် ရပ်ဆိုင်းထားဖို့ တောင်းဆိုတာလို့ ဆိုပါတယ်။ မြန်မာအစိုးရကတော့ ဥပဒေအတိုင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ ပြန်လာမယ့်ကိစ္စအပေါ် စိုးရိမ်စရာမရှိတဲ့အကြောင်း တုံ့ပြန်ထားပါတယ်။ RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။