ရန်ကုန်တိုင်းအစိုးရရဲ့ ကျောင်းကားစီမံကိန်း ကျောင်းသားမိဘတွေအပေါ် ထိခိုက်
2017.05.29
ဒီနှစ်ကျောင်းဖွင့်ရာသီမှာ ရန်ကုန်တိုင်းတွင်း ကျောင်းကားခတွေ ဈေးမြင့်တက်သွားတယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲရဲ့ ကျောင်းကားစီမံကိန်းဟာ အခုကျောင်းဖွင့်ရာသီမှာ အသက်မဝင်သေးပေမယ့် လက်ရှိမှာတော့ ကျောင်းသားမိဘတွေ အရင်ဆုံး ထိခိုက်မှုရှိနေပြီလို့လည်း ထောက်ပြကြပါတယ်။ ကျောင်းသားမိဘတွေ ပြောပြတဲ့ ကျောင်းကားဈေးတက်တဲ့အကြောင်း မသင်းသီရိ က ဆက်ပြောပြမှာပါ။