ရွှေ့ပြောင်းနေထိုင်သူတွေ အိမ်ထောင်စုစာရင်း ထုတ်ပေးမှု SNLD ကန့်ကွက်မယ်


2016.06.14

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ရက် ၁၀၀ စီမံချက်မှာ တစ်နိုင်ငံလုံး က ရွှေ့ပြောင်းနေထိုင်ကြသူတွေကို အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးဖို့ ပါဝင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ခုခုမှာ အနည်းဆုံး ၆ လ အခြေချနေထိုင်ပြီး ဖြစ်ပေမယ့် အိမ်ထောင်စုစာရင်းမရှိသေးဘူးဆိုရင် အိမ်ထောင်စုစာရင်း လုပ်ပေးမှာဖြစ်ပါတယ်။

အဲ့ဒီအစီအစဉ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ မွန်ပြည်နယ်က အရပ်ဘက်အဖွဲ့တချို့က ကန့်ကွက်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။