သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-13
တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တစ်ထောင်လောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ စစ်ကောင်စီတပ်က ဘာအကူအညီမှမပေးဘဲ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-13
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က အဖမ်းခံလိုက်ရတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားမဝင်အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံရေးပုဒ်မ ၅၀၅ (က)တို့နဲ့ ရုံးထုတ်စစ်ဆေးနေပါတယ်။
2023-01-12
မြန်မာစစ်တပ်အတွက် ဝင်ငွေအဓိကရနေတဲ့ လမ်းကြောင်းတွေကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူဖို့ အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဇန်နဝါရီ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
2023-01-12
ကိုဗစ်ကြောင့် ၂ နှစ်ကျော်ပိတ်ထားတဲ့ မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်သုံးခုကို တရုတ်နိုင်ငံဘက်က ပြန်ဖွင့်လိုက်ပေမယ့် မြန်မာနိုင်ငံဘက်ကတော့ လက်ရှိတရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ပြန်များနေတာကြောင့် ဆက်ပိတ်ထားပါတယ်။
2023-01-12
အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း နိုင်ငံတစ်ဝန်းက ရှေ့နေ ၄၅ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၃၂ ဦးဟာ အခုချိန်ထိ အကျဉ်းထောင်တွေထဲမှာ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။ ၁၃ ဦးကတော့ ပြန်လွတ်လာခဲ့ပါတယ်။
2023-01-11
အရပ်သားပြည်သူတွေ ဆေးကုသတဲ့နေရာကို ပစ်မှတ်ထားတိုက်ခိုက်တာက စစ်ရာဇဝတ်မှု ကျူးလွန်တာပဲလို့ ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောပါတယ်။
2023-01-11
ဦးဆောင်လှုပ်ရှားနေသူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ CDM ဗိုလ်ကြီး ခင်ပပထွန်း က သူတို့အဖွဲ့အနေနဲ့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကစပြီး အခုအချိန်အထိ CDM တပ်သား ၄၁ ဦးနဲ့ CDM ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ပံ့ပိုးနိုင်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။
2023-01-11
နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံးပြီး ၇၀ နီးပါးဒဏ်ရာရခဲ့တဲ့ ပုသိမ်ထောင် အဓိကရုဏ်းဖြိုခွင်းမှုဟာ လူသားမဆန်တဲ့လုပ်ရပ် ဖြစ်တာကြောင့် တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုနဲ့တန်းတူ အရေးယူနိုင်အောင် ကြိုးစားနေတယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-01-11
မကွေးတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် လူပေါင်း တစ်သိန်းနှစ်သောင်းဝန်းကျင် အိုးအိမ် စွန့်ခွာထွက်ပြေးနေကြရပြီး ကလေးတွေဟာ ကာကွယ်ဆေး လုံးဝမထိုးရတာတွေပါရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-11
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်သူတွေထဲမှာ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်က အသက် ၂၇ နှစ်အရွယ် ကိုကျော်သက်လည်း တစ်ယောက်ပါဝင်ပါတယ်။
2023-01-10
စစ်ကောင်စီဟာ အာဆီယံသဘောတူညီချက် ငါးချက်ထဲက တစ်ချက်ကိုမှ အကောင်အထည်ဖော်ဖို့ မူလကတည်းက ရည်ရွယ်ချက်မရှိကြောင်း ပြသလိုက်ပြီဖြစ်တဲ့အတွက် အာဆီယံခေါင်းဆောင်တွေ အရူးလုပ်ခံလိုက်ကြရကြောင်း The Straits Times သတင်းက ဖော်ပြပါတယ်။
2023-01-10
၂ဝ၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံသားတွေကို မြန်မာနိုင်ငံမှာ လစာကောင်းတဲ့ အလုပ်အကိုင်တွေ ရမယ်လို့ ဖြားယောင်းသွေးဆောင်ပြီး တရုတ်-မြန်မာနယ်စပ်က မြို့တွေဆီကို လူကုန်ကူးခံရတဲ့ဖြစ်ရပ်တွေ ပိုများလာတဲ့အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
2023-01-10
ရန်ကုန် လှိုင်သာယာ၊ ရွှေပြည်သာက နေရပ်စွန့်ခွာရွှေ့ပြောင်းလာသူတွေရဲ့ မွေးရပ်ဇာတိ ဧရာဝတီတိုင်းမှာလည်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြခဲ့ရာမှာ ပါဝင်ခဲ့ပါတယ်။
2023-01-10
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ အစောဆုံးပါဝင်ခဲ့တဲ့ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေကို စစ်ကောင်စီက ပစ်မှတ်ထားဖိနှိပ်နေဆဲပဲလို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
2023-01-09
အဲဒီစခန်းမှာ ဆယ်စုနှစ်နှစ်ခုမက နေထိုင်ခဲ့ရသူတွေနဲ့ သူတို့က မွေးဖွားခဲ့တဲ့ ကလေးတွေကတော့ တတိယနိုင်ငံတစ်ခုခုကို သွားခွင့်ရဖို့ ဒါမှမဟုတ် ထိုင်းမှာပဲ အဆင့်မြင့်ပညာတွေ သင်ခွင့်ရပြီး နေထိုင်ရှင်သန်ခွင့်ရဖို့ မျှော်လင့်နေကြပါတယ်။