သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-10-14
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်အတွင်း အုပ်စုဖွဲ့နေရာယူတာတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေထွက်ပေါ်ခဲ့ပြီး ဒီအဖွဲ့မှာ သင်းဖွဲ့စည်းမျဉ်းကစလို့ ပြင်ဆင်ဖို့ လိုအပ်သလို ပြုပြင်ပြောင်းလဲမူတွေအများအပြား လုပ်ဖို့လိုအပ်တယ်လို့ ပြောဆိုနေကြပါတယ်။
2016-10-13
ဘုရင် Bhumibol Adulyadej ဘူမီဘောလ် အဒူလ်ယာဒေး မနေ့က ကွယ်လွန်သွားတဲ့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကလည်း သူတို့ရဲ့ နေထိုင်လုပ်ကိုင်မှုတွေကို ထိခိုက်လာလေ မလားလို့ စိုးရိမ်ပူပန်နေကြပါတယ်။ ဦးခင်မောင်စိုး က တင်ပြပါလိမ့်မယ်။
2016-10-13
တိုင်းရင်းသားဒေသတွေမှာ တကျော့ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်မှုရှိလာနေပြီလို့ တိုင်းရင်းသားခေါင်းဆောင်တွေက သုံးသပ်ကြ ပါတယ်။
2016-10-13
ကျောပူတာခံနိုင်တယ်၊ နားပူတာမခံနိုင်ဘူး ဆိုရိုစကားလည်းရှိ- အသံချဲ့စက်ဥပဒေလည်းရှိပေမဲ့ မြန်မာနိုင်ငံမှာ အသံချဲ့စက်တွေ အထိန်းအချုပ်မဲ့ သုံးစွဲနေတဲ့အတွက် ဥပဒေအရ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ဖို့ လိုတဲ့အကြောင်းနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုမှာ ဆူညံသံလည်း ပါဝင်တဲ့အကြောင်း RFA အဖွဲ့သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2016-10-13
NLD အစိုးရအနေနဲ့ ရခိုင်မောတောဒေသအရေးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်ဘူးဆိုရင် အနာဂတ်မြန်မာနိုင်ငံအရေးဟာ ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းဒေသတွေမှာလို အကြမ်းဖက်မှုတွေနဲ့ ရတတ်မအေးစရာ ဖြစ်လာနိုင်တဲ့အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
2016-10-13
လူတွေ ဘာကြောင့် မေ့ကြတာလဲ၊ လောကမှာ မမေ့သင့်သူတွေ၊ မမေ့သင့်တဲ့ အရာတွေကို မမေ့အောင် ဘာတွေလုပ်ကြမလဲ။ ဆေးပညာနဲ့ ဘာသာတရား ရှုထောင့်ကနေ ဦးခင်မောင်စိုးက ခုလိုတင်ပြထားပါတယ်။
2016-10-12
ဒီရက်တွေအတွင်း အွန်လိုင်းသတင်းတွေ၊ လှုမှု ကွန်ရက်စာမျက်နှာတွေမှာ နေ့စဉ်လိုလိုတွေ့နေရတဲ့ ထိတ်လန့်ဖွယ် အဖြစ်အပျက်တွေများစွာထဲက တခု ကတော့ ခိုက်ရန်ဒေါသတွေကို လက်နက် နဲ့ ဖြေရှင်းရင်း လူတဦးနဲ့တဦး သတ်ဖြတ်မိတဲ့၊ အပြင်းအထန်နာကျင်စေတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။
2016-10-12
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ဆရာဆရာမတွေရဲ့ ဘဝအခက်အခဲတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-10-11
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ရက်နေ့က ကျင်းပသွားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မူလုပ်ငန်းအသင်း ချုပ် အလုပ်အမှုဆောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ပေါ်ထွက်နေပါတယ်။
2016-10-11
NLD အစိုးရသစ်သက်တမ်း ၆ လထဲကို ဝင်ရောက်လာပြီဖြစ်ပေမယ့် ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ (၁၂) ရပ်ကို အသေးစိတ် ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း ချမပြနိုင်သေးတဲ့အပေါ် လေ့လာသူတွေနဲ့ ပညာရှင်တွေအကြား အားမလိုအားမရ ဖြစ်နေကြပြီး၊ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေလည်း တွန့်ဆုတ်နေကြ ဆဲ ဖြစ်ပါတယ်။
2016-10-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ နယ်ခြားစောင့်ရဲစခန်းတွေ မနေ့က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘူးသီးတောင်၊ မောင်တောမြို့နယ် တစ်ခုလုံးမှာရှိတဲ့ အစိုးရစာသင်ကျောင်းတွေကို ဒီနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။
2016-10-08
မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်ပြည်ထောင်စု က ရုပ်သိမ်းလိုက်ပေမယ့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး လိုအပ်မြဲလိုအပ်နေမယ်လို့ တရုတ် ပညာရှင်တွေက ပြောကြားတဲ့အကြောင်းနဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ်ဒေသ ပြန်လည် ထိန်းညှိရေး မဟာဗျူဟာနဲ့ မြန်မာနိုင်ငံရဲ့ အခန်း ကဏ္ဍတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထား ပါတယ်။
2016-10-08
၂ဝ၁၆-၁၇ ပညာသင်နှစ်မှာ ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာဆရာမ နှစ်ထောင်ကျော်ကို ခန့်အပ်သွားမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ပြည်သူ့လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။
2016-10-07
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကရင်ပြည်နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာပါတယ်။
2016-10-07
စက်တင်ဘာလ ၂၈ ရက်နေ့က ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်ထဲမှာရှိတဲ့ အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲကို အထူးဒေသ(၂) က ဝတပ်ဖွဲ့တွေ ဝင်ခဲ့တာဟာ နားလည်မူ လွဲမှားတာလို့ ဝနဲ့ မိုင်းလားဘက်တဆင့် ပြောကြားတာတွေရှိပေမယ့် ဒီကိစ္စဟာ ကျင်းပပြီးစီးသွားတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိသလို ရှမ်းပြည်မှာ အစိုးရတပ်မတော်ရဲ့ အင်အားတိုးချဲ့မူတွေကြောင့်ဖြစ်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေပါတယ်။