သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-19
လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားလူငယ်ကွန်ဂရက်ကပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လေ့လာစောင့်ကြည်ခဲ့တဲ့ မြိုနယ် ၂၉၀ကျော်မှာ တွေရှိခဲ့တာတွေနဲ့ပတ်သက်ပြီး ဒီနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
2015-12-19
ရခိုင်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုအခြေအနေတွေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက စစ်တွေမြို့မှာ ဒေသခံတွေကို ရှင်းပြခဲ့ပါတယ်။
2015-12-18
ဒိန်းမတ်အခြေစိုက် Danish Institute for Parties and Democracy DIPD အဖွဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေရဲ့ ပါဝင်မှုနဲ့ အတွေ့အကြုံတွေ အခက် အခဲတွေ ဆွေးနွေးဖလှယ်ပွဲကို ဒီကနေ့ ရန်ကုန်မြို့ Novotel Hotel မှာ စတင်ကျင်းပနေပါတယ်။
2015-12-17
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်WFP က လစဉ်ထောက်ပံ့နေတဲ့ အခြေခံစားသောက်ကုန်တွေ အစား လာမယ့်နှစ် ဇန်နဝါရီလက စပြီး ငွေကြေးပြောင်းလဲထောက်ပံ့မှာဖြစ်ပါတယ်။
2015-12-16
ပြည်မြို့နယ် အနောက်လက်ခုပ်ပင် ရွာသားတစ်ဦးက သူတို့ရွာလျှပ်စစ်မီးရဖို့ ကောက်ယူသုံးစွဲခဲ့တဲ့ ငွေကြေးရှင်းတမ်းလုပ်ပေးဖို့ ပြည်မြို့နယ်လျှပ်စစ်ရုံးရှေ့မှာ ဒီနေ့တစ်ကိုယ်တော်ဆန္ဒပြခဲ့ပါတယ်။
2015-12-16
အင်ဒိုနီးရှားနိုင်ငံ ဘင်ဂျီနာကျွန်းက ရေလုပ်ငန်းလုပ်ကိုင်သူတွေဆီကို ရောင်းစားခံခဲ့ရပြီး မြန်မာနိုင်ငံကိုပြန်လည်လွတ်မြောက်လာသူတွေရဲ့ လူနေမှုဘဝ တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ Summit Park View Hotel မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-12-16
(၂) ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ တတိယအကြိမ် စုံညီ အစည်းဝေးကနေ နိုင် ငံရေးဆွေးနွေးပွဲ မူဘောင် မူကြမ်းကို ရေးဆွဲနိုင်ခဲ့ ပါတယ်။
2015-12-16
လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပင်စင်လို့ခေါ်တဲ့ တလုံးတည်း တခဲတည်း ပင်စင် ချီးမြှင့်ငွေကို လာမယ့် အစိုးရသစ် မတက်ခင်မှာ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။
2015-12-16
မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ပညာရေးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာ မနေ့ကစပြီး နှစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-12-15
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ တတိယအကြိမ် စုံညီအစည်းဝေး ကို နေပြည်တော် Horizon Lake View Hotel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-12-15
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင် ခဲ့တဲ့ အရေအတွက် နဲ့ ရွေးချယ်ခံရတဲ့ အမျိုးသမီးကိုယ်စားလှယ် အရေအတွက်ဟာ နည်းနေသေးတယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေ တဲ့ Gender and Development Institute GDI က ဒီနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာ ပါရှိပါတယ်။
2015-12-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မှာ ဒီကနေ့ အမှိုက်ကောက်သန့်ရှင်းရေးလုပ်ခဲ့သလို တစ်ပြည်လုံး အတိုင်းအတာနဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ပြီးလည်း အမှိုက်ကောက် သန့်ရှင်းရေးတွေ ပြုလုပ်ခဲ့ကြ ပါတယ်။
2015-12-11
မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်ရေးညီလာခံ နောက် ဆုံးနေ့ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီ ယံဟော်တယ်မှာ ဒီကနေ့ ဆက်ပြီးကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထားပါတယ်။
2015-12-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းက ဒီနေ့ကစပြီး ဒီဇင်ဘာလ ၁၃ ရက်နေ့ထိ ၃ ရက်ကြာ ဆေးဝါးကုသပေးနေပါတယ်။
2015-12-11
ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့် အရေးနေ့ အခမ်းအနားတွေကို တစ်နိုင်ငံလုံးက မြို့အတော်များများမှာ ကျင်းပခဲ့ကြပါတယ်။