သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-02-05
ကချင်ပြည်နယ်ထဲက မြေရှား၊ ရွှေ၊ ကျောက်စိမ်းနဲ့ ပယင်းထွက်ရာဒေသ အပါအဝင် နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို KIA က ထိန်းချုပ်ခဲ့ပြီးနောက် တိုက်ပွဲမဖြစ်တဲ့နေရာတွေကိုပါ စစ်ကောင်စီတပ်က လေကြောင်းက ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2025-02-05
စစ်ကောင်စီကို လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်းပေးနေတဲ့ AVIC ကုမ္ပဏီနဲ့ Airbus ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးပေးဖို့ နယ်သာလန်အစိုးရကို ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးအင်အားစုများနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။
2025-02-05
စစ်ကောင်စီက သက်တမ်းခြောက်လ ထပ်တိုးလိုက်တဲ့အတွက် ဒီနှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပမဲ့ အလားအလာနည်းသွားပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2025-02-04
မြန်မာ့ဒီမိုကရေစီရေးအတွက် ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
2025-02-04
ကရင်ပြည်နယ် မြဝတီမြို့က နှစ်နေရာ၊ ဘုရားသုံးဆူက တစ်နေရာနဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က နှစ်နေရာ စုစုပေါင်း ငါးနေရာကို မနက် ၉ နာရီကနေစပြီး ဖြတ်တောက်သွားမှာဖြစ်ပါတယ်။
2025-02-04
စင်ကာပူမှာရောက်နေတဲ့ မြန်မာနိုင်ငံသား သုံးရာနီးပါး နိုင်ငံသားအဖြစ်စွန့်လွှတ်ပြီး စင်ကာပူနိုင်ငံသား ပြောင်းလဲခံယူလိုက်ပါတယ်။
2025-02-03
အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင် (Othman Hashim) ဟာ ဖေဖော်ဝါရီလ ၆ ရက်က ၈ ရက်နေ့အထိ သုံးရက်တာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတယ်လို့ ထိုင်း PBS သတင်းက ဖော်ပြပါတယ်။
2025-02-03
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ USCIRF က ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့နိုင်ငံ CPC အဖြစ် ၂၀၂၃ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။
2025-02-03
ပွင့်ဖြူမြို့နယ်မှာ အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကျေးရွာဆယ်ရွာခန့်က လူဦးရေ နှစ်သောင်းခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2025-02-03
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာ အလုပ်သွားလုပ်မဲ့ မြန်မာ ငါးထောင်ကျော်ဟာ တရုတ်ဘက်က တာဝန်ခံ လာမခေါ်သေးတဲ့အတွက် မူဆယ်မှာ ပိတ်မိနေတာ ငါးလလောက်ရှိပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
2025-02-02
မနေ့က တစ်ရက်တည်းမှာပဲ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ MI35 ရဟတ်ယာဥ်နဲ့ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
2025-02-01
MOU စာချုပ်နဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ဖို့ သွားတဲ့ မြန်မာအလုပ်သမား ၁၃၀ လောက် ပုံမှန်အလုပ်မရသလို နေထိုင်စားသောက်ဖို့အတွက်ပါ ခက်ခဲနေကြပါတယ်။
2025-02-01
ကလေးမြို့နယ် ကုက္ကိုရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်း ဇန်နဝါရီ ၃၁ ရက်က လေကြောင်းဗုံးကြဲခံရတာကြောင့် ကလေးငယ်တွေအပါအဝင် ရှစ်ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
2025-02-01
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတင်မြှောက်ထားတဲ့ အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး အကျပ်အတည်းတွေထဲကတစ်ခုကိုဖန်တီးခဲ့တာ လေးနှစ်ပြည့်မြောက်တဲ့နေ့လို့လည်း ရေးသားထားပါတယ်။
2025-01-31
စစ်ဘေးဒုက္ခသည်တွေဟာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပိုအားစိုက်လာပြီး နေ့စဥ် စားသောက်ရေးကို ဖြေရှင်းနေကြရတယ်လို့ ပြောပါတယ်။