သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-05
မကွေးတိုင်း စလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးနိုင်လင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စစ်ကောင်စီ တပ်သားတွေရဲ့ ဖမ်းဆီးပစ်ခတ်ခံရလို့ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းကို ပြန်မရခဲ့ဘဲ သူ့ရဲ့ အရိုးအိုးလေးပဲ သူ့မိသားစုဆီကို ပြန်ရောက်လာခဲ့ပါတယ်။
2021-10-04
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာ ပေးခဲ့တယ်ဆိုပြီး အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော် တရားရုံးမှာ ထွက်ဆိုခဲ့တာဟာ မဟုတ်မမှန်ပါ ဘူးလို့ ငြင်းဆိုပြောကြားလိုက်ပါတယ်။
2021-10-04
ခေတ်သစ်တရုတ်ပိုးလမ်းမစီမံချက်စတင်ဖို့ ကြေညာချိန်မှာ covid-19 ကပ်ရောဂါမဖြစ်ပွားသေးပါဘူး။ ဒါပေမဲ့အခုတော့ ကပ်ရောဂါကြောင့် တရုတ်နိုင်ငံကိုယ်တိုင် နယ်ခြားကို ပိတ်ထားရပါတယ်။ နိုင်ငံတွေကလည်း တရုတ်ကိုပေးဆပ်ရမယ့် ကြွေးမြီတွေရှိနေပြီး မြန်မာနိုင်ငံကလည်း မတည်ငြိမ်တဲ့အတွက် အရှေ့တောင်အာရှမှာ လျာထားတဲ့စီမံချက်တွေ ရှေ့မရောက်နိုင်သေးပါဘူး။
2021-10-01
စက်တင်ဘာလ ၃၀ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေ ဆင်းရဲကျည်းမှုတွေ ကြုံနေ ရတဲ့အကြောင်း မြန်မာနိုင်ငံ ကုလသမဂ္ဂ ယာယီဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ရေး ညှိနှိုင်းရေးမှူး မစ္စတာ အန်ဒရူး ကာ့ဒ်ဝုဒ် က အွန်လိုင်းကနေ ပြောကြားသွားတာ ဖြစ်ပါတယ်။
2021-10-01
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ပိုင်း ဘဏ်တွေကနေ ငွေသား ထုတ်ရတဲ့အပိုင်းမှာ လိုသလိုမရတော့တာကြောင့် ဘဏ်လုပ်ငန်းတွေအပေါ် ပြည်သူတွေ ယုံကြည်မှု လျော့နည်းလာနေပါတယ်။
2021-10-01
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့ အချိန် ၈ လတိတိပြည့် ချိန်မှာပဲ ယခင်က လက်နက်ကိုင် တိုက်ပွဲတွေ မရှိခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတွေအတွင်း စစ်တပ်နဲ့ အရပ်သား ကာကွယ်ရေးတပ် တွေအကြား နေ့စဉ်နီးပါး တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ပြည်တွင်း စစ်ရေးပဋိပက္ခဟာ နိုင်ငံအနှံ့ နေရာမလပ် ကူးစက်နေပြီလို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။
2021-09-30
မြန်မာနိုင်ငံမှာ ကျပ်ငွေတန်ဖိုးဖောင်းပွပြီး နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုန်းတွေနဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေ၊ ကုန်ဈေးနှုန်းတွေဟာ မကြုံစဖူး စံချိန်တင် မြင့်တက် လာနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ အခုလို ငွေကြေး ဖောင်းပွမှု မြင့်နေတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအကျပ်အတည်းတွေနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ သုံးသပ် ကြပါတယ်။
2021-09-30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ဟာ စက်တင် ဘာလ ၂၁ ရက်နေ့ကတည်းက အဖမ်းခံရတာ ဒီနေ့အထိဆိုရင် ၁၀ ရက်ရှိလာခဲ့ပါပြီ။ သူ့ကို ဘယ်မှာထိန်းသိမ်းထားတယ် ဘယ်လိုတွေ စစ်ဆေးခံနေရတယ်ဆိုတဲ့ နောက်ဆက်တွဲ သတင်းအစအနကို လည်း ဒီနေ့အချိန်ထိ မသိရသေးပါဘူး။
2021-09-29
မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တနေ့တခြားယိုယွင်းလာနေတဲ့အတွက် ချမ်းသာသူတွေရော ဆင်းရဲသူတွေပါ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရပါပြီ။ ဆင်းရဲပင်ပန်းမှုကို သာမန်အခြေခံလူတန်းစားတွေက ပိုပြီး ခံစားနေရပါတယ်။ စိုက်ပျိုးစရိတ် မကြုံစဖူးများလာတဲ့အတွက် လာမယ့်ဆောင်းစပါးကို စိုက်မယ့်သူ မရှိတော့ဘူးလို့ လယ်သမားတွေက ပြောကြပါတယ်။
2021-09-29
စစ်တပ်အာဏာသိမ်းအပြီး၊ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ တခြားနိုင်ငံ ငယ်တွေ ကြုံခဲ့ရတဲ့ အာဏာသိမ်းဖြစ်ရပ်အခြေအနေတချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်း က စုစည်းတင်ပြထားပါတယ်။
2021-09-29
မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပါအဝင် စီးပွားရေးကျဆင်းမှုနဲ့ အလုပ်လက်မဲ့ ပြဿနာ၊ နေ့စဉ်တိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်အရေး၊ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ အာမခံချက်မပေးနိုင်တဲ့ အထွေ ထွေအကျပ်အတည်းတွေကို စစ်အာဏာသိမ်းထားတဲ့ အချိန်ရှစ်လနီးပါး ရောက်လာတဲ့အထိ မဖြေရှင်းနိုင်သေးပါဘူး။
2021-09-28
Covid-19 Delta variant ကူးစက်ပျံ့နှံ့တဲ့အတွက် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေး နာလန်ပြန်ထူလာမယ့် အခွင့်အလမ်းနည်းပါးရတယ်လို့ ကမ္ဘာ့ဘဏ်က ဒီလ ၂၇ ရက်က ပြောကြားချိန်မှာ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး အလွန်အမင်းတက်နေပါတယ်။
2021-09-28
မြန်မာနိုင်ငံမှာ ကျဆင်းနေတဲ့စီးပွားရေးကဏ္ဍကို ပြန်လည်နာလန်ထူဖို့ ဆောင်ရွက် ရာမှာ အထောက်အကူ ပြုနိုင်ဖို့ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုကို မကြာခင်ပြန်ဖွင့်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ပြောပါတယ်။
2021-09-28
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ အပစ်အခတ်ရပ်စဲမယ် ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ စစ်တပ်အကြား ဖြစ်ပေါ်နေတဲ့ စစ်ရေး အကျပ်အတည်း တွေကို ဖြေလျှော့ပြီး တစ်ဘက်မှာတော့ ခုခံစစ် ဆင်နွှဲနေတဲ့ PDF တွေကို နှိပ်ကွပ်ဖို့ ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ နိုင်ငံ ရေးလေ့လာသူတွေနဲ့ PDF တွေက သုံးသပ်ကြပါတယ်။
2021-09-28
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အချိန် ရှစ်လနီးပါးကာလအတွင်း စစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ ပြည်သူ ၅၄ ဦးအထိရှိလာပါပြီ။ ဒီအရေအတွက်ဟာ မတ်လကနေ အခု စက်တင် ဘာလ ၂၆ ရက်နေ့အထိ စာရင်းဖြစ်ပါတယ်။