သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-17
စက်တင်ဘာလ ၁၅ ရက်နေ့က Christian Solidarity Worldwide UK အဖွဲ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး၊ အမျိုးသားညီညွတ်ရေး အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာ၊ ယူကေနိုင်ငံအခြေစိုက် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မဝေနှင်းပွင့်သုန်နဲ့ Burma Human Rights Network က ဦးကျော်ဝင်းတို့ တက်ရောက်ပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို ဆွေးနွေးသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
2021-09-15
မြန်မာနိုင်ငံရဲ့ ကိုရိုနာ ကိုဗစ် ကူးစက်ပျံ့နှံ့မှု တားဆီး ကာကွယ်ရေးနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးသစ်ဆင်း က တင်ပြထားပါတယ်။
2021-09-15
နိုင်ငံတစ်ဝန်း အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့က စစ်ကြေညာခဲ့ပြီးနောက် တစ်ပတ်အတွင်း မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ PDF နဲ့ တိုက်ခိုက်မှုကို အကြောင်းပြပြီး ကျေးရွာငါးရွာက နေအိမ်တစ်ရာကျော်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြတယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို မသိရသေးပါဘူး။
2021-09-15
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၁၄ ရက် မနေ့ကစလို့ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေပြီး မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ဘယ်သူရွေးချယ်ခံရမလဲဆိုတာကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်။
2021-09-14
အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ သမိုင်းနောက်ခံနဲ့ အသင်းတည်ထောင်ပြီး နှစ် ၃၀ ကြာမှာ အဖွဲ့ဝင်ဖြစ်လာတဲ့ မြန်မာနိုင်ငံကို အာဆီယံက အကျိုးကျေးဇူးပြု၊ မပြု ဆိုတာကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2021-09-14
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံရတဲ့သူ တစ်ရာကျော်ဟာ အမှုရင်ဆိုင် နေရတာ အချိန် နှစ်နှစ်ကျော်ကြာလာတဲ့အထိ အမိန့်မချဘဲ ဆွဲဆန့်ခံထားရတဲ့ အတွက် နစ်နာမှုတွေရှိနေတယ်လို့ မိသားစုဝင်တွေနဲ့ ရှေ့နေတွေက ပြောပါတယ်။ ဒါကြောင့် တရားရုံးတွေက ပြန်လွှတ်တဲ့အမိန့်ကို အမြန်ဆုံးချမှတ်ပေးဖို့ကိုလည်း မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
2021-09-13
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ အခုချိန်ထိ ခုနစ်လကျော်ကာလ အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးတွေ မြန်မာနိုင်ငံကနေ တဖြည်း ဖြည်းချင်း ပြန်ရုပ်သိမ်းနေပြီး အဲဒီထဲမှာ ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီလည်း ပါဝင်ပါတယ်။
2021-09-12
စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြကြတဲ့သတင်းတွေ၊ CDM ဝန်ထမ်းတွေရဲ့ အခက်အခဲသတင်းတွေကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ အလွတ်သတင်းထောက် မသူဇာ ဟာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး ဒီနေ့အထိ အဆက်အသွယ်မရတော့ဘူးလို့ သူ့မိသားစုဝင်တွေက ပြောပါတယ်။
2021-09-10
တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံ တွေက နိုင်ငံရေးပါတီတွေ ပါဝင်တဲ့ အွန်လိုင်းအစည်းအဝေးတစ်ခုကို စက်တင်ဘာ ၉ ရက် မနေ့က ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေဖြစ်တဲ့ NLD၊ USDP၊ ANP နဲ့ လီဆူးအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေကို ဖိတ်ကြားခဲ့ပါတယ်။
2021-09-10
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စက်တင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာနိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ ပဋိပက္ခပေါင်း ၄၄၃ ကြိမ်အထိရှိခဲ့ပါတယ်။
2021-09-09
တချိန်က ပြည်သူနဲ့ တသားတည်းရှိခဲ့တဲ့ စစ်တပ်ကို ပြည်သူက ခုခံတွန်းလှန်မယ့် အနေအထားရောက်သွားပါတယ်။ ဆွေးနွေးတဲ့နည်း၊ စေ့စပ်တဲ့နည်းနဲ့ ဖြေရှင်းရမယ့် အစား အရင်းအနှီးကြီးလှတဲ့ ဒီလို ခုခံတွန်းလှန်ရေး လမ်းကြောင်းပေါ်ရောက်သွား တာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2021-09-09
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အသက် မပြည့်သေးတဲ့ အထက်တန်းကျောင်းသားတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်မှတ်ထားခံနေရတဲ့အတွက် လွတ်မြောက်နယ်တွေကို ထွက်ပြေးခိုလှုံပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်သွား ကြတာတွေရှိနေသလို ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။
2021-09-09
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ရပ်နေပေမယ့် စစ်တပ်ဘက်က အင်အားတိုးချနေတာတွေ ရှိနေသလို လက်နက်ကိုင် နှစ်ဖွဲ့ကြားမှာလည်း အားပြိုင်မှုတွေ ပိုများလာနေတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေ ကြပါတယ်။
2021-09-09
မြန်မာနိုင်ငံက အခြေအနေတွေ တိုးတက်ရေးအတွက် အိမ်နီးချင်း တရုတ်နဲ့ အာဆီယံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ ဟာ မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့သလို ထပ်မံကူညီဖို့လည်း နောက်ကျခဲ့ပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ထောက် ပြဝေဖန်လိုက်ပါတယ်။
2021-09-08
အမျိုးသားညီညွတ်ရေးအစိုးရက အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်စစ် စတင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ကြိုဆိုမှုတွေရှိသလို စိုးရိမ်မှုတွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ တော်လှန်ရေး အရှိန်ပိုမိုမြင့်မားလာတော့မယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်းရှိပါတယ်။