သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-26
ကိုရိုနာဗိုင်းရပ်စ် ပျံနှံ့နေချိန်ကာလအတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၆၀မှာ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာ၊ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာတွေ ရှောင်ကြည်ဖို့လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
2020-07-25
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိတဲ့ တရုတ်လက်နက်တွေဟာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ အရှေ့မြောက်သူပုန်အဖွဲ့တွေကို တရုတ်က ထောက်ပံ့တာ ဖြစ်နိုင်တယ်လို့ ဥရောပအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဆိုင်ရာဖောင်ဒေးရှင်းအဖွဲ့ EFSAS က သုံးသပ်လိုက်တဲ့အကြောင်း အိန္ဒိယအခြေစိုက် ANI သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
2020-07-25
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ် ဖလမ်းမြို့နယ်ထဲပါဝင်တဲ့ ဝေဘူလတောင်မှာ ခရိုမိုက်သတ္တုတူးဖော်ရေး အလတ်စားလုပ်ငန်း တူးဖော်ဖို့လုပ်နေတာကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမှာစိုးရိမ်ပြီး ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
2020-07-23
ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးမှုကိုခံရပြီးနောက် သေဆုံးခဲ့ရသူဦးရေ တိုးလာဆဲဖြစ်သလို ဖမ်းဆီးနှိပ်စက် ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားတာတွေအတွက် တရားမျှတမှုမရကြဘူးလို့ ကာယကံရှင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။
2020-07-23
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာမရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
2020-07-23
အခြေခံပညာကျောင်းသားတွေအတွက် ဘော်ဒါဆောင်တွေနဲ့ ကျူရှင်တွေ ဖွင့်ခွင့် မပြုသေးလို့ မြို့ပေါ်နဲ့ အလှမ်းဝေးတဲ့နေရာတွေကနေ ကျောင်းတက်ရမယ့် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတချို့တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2020-07-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် အခုအချိန်ထိ သေဆုံးသူ ၆ ဦးပဲ ရှိသေးပေမဲ့လည်း နိုင်ငံတကာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ အထူးသတိထားကြဖို့ လိုတယ်လို့ ဒီရောဂါဖြစ်ပွားမှုကို အလေးထားစောင့်ကြည့်နေတဲ့ ပြည်တွင်းရှိဆရာဝန်တွေက ပြောပါတယ်။
2020-07-22
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ပေါ်ပေါက်လာမယ့် အစိုးရမှာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ဖို့ မျှော်မှန်းချက်နဲ့ တိုင်းရင်းသားပါတီတချို့ ကြိုတင်ပြင်ဆင်နေကြပါပြီ။
2020-07-21
လာမယ့်ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း စာရင်းတွေကို မနက်ဖန် ထုတ်ပြန်မယ်လို့ ကြေညာထားသလို၊ တိုင်းရင်းသားပါတီကြီးတွေကလည်း ကိုယ်စားလှယ်လောင်းတွေ အသီးသီး ရွေးချယ်နေကြပါပြီ။
2020-07-21
ကယားပြည်နယ်က ကြေးကွင်းပတ် အမျိုးသမီးတွေ ထိုင်းနိုင်ငံမှာ သွားရောက် နေထိုင်ပြီး ခရီးသွားလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာ ဆယ်စုနှစ်တစ်ခုဝန်းကျင် ရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ထိုင်းနိုင်ငံမှာလည်း ခရီးသွားလုပ်ငန်း တွေ ရပ်တန့်လုနီးပါးဖြစ်နေတာကြောင့် ကြေးကွင်းပတ် အမျိုးသမီးတွေနဲ့ မိသားစုဝင်တွေဟာ ကယားပြည်နယ်ထဲကို ပြန်လာနေထိုင်သူတွေ အများအပြားရှိနေပါတယ်။
2020-07-20
ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာမှာ ဇူလိုင် ၁၆ ရက်နေ့က ကရင်အမျိုးသမီးတဦးကို မြန်မာ့တပ်မတော် ခလရ ၄ဝ၉ က တပ်သား ၂ ယောက်က သေနတ်နဲ့ပစ်သတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတဲ့အတွက် အရေးယူပေးဖို့ ကရင်တိုင်းရင်းသားအဖွဲ့အစည်းတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းရှိ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီကို တိုင်ကြားခဲ့ကြပါတယ်။
2020-07-20
လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ မကွေးတိုင်းအတွင်းမှာ ပျံ့နှံ့နေထိုင်နေကြတဲ့ လူနည်းစု အရှိုချင်းတိုင်းသားတွေရဲ့ အိပ်မက်ကတော့ တိုင်းရင်းသားရေးရာဝန်ကြီး နေရာမှာ အရှိုချင်းတိုင်းရင်းသားတဦး အနိုင်ရရှိရေးပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ချင်းပြည်နယ်မှာ ချင်းအမျိုးသားပါတီတွေက ငါးခုလောက်ရှိနေတာမို့ ချင်းပါတီတွေအကြားမှာ အားပြိုင်မှုတွေလည်း ရှိနေပါတယ်။
2020-07-20
တရုတ်က မြန်မာနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှတွေမှာ လွှမ်းမိုးဖို့ ကြိုးစားနေတာကို ထောက်ပြလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံရဲ့ ဆောင်းပါးနဲ့ တရုတ်သံရုံးရဲ့တုံ့ပြန်ချက်ဆောင်းပါး ဘယ်လိုသက်ရောက်နိုင်လဲ ဆိုတဲ့အကြောင်း နိုင်ငံတကာ သတင်းဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ ချစ်ဝင်းမောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2020-07-19
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်ရှိနေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ချင်းတိုင်းရင်းသားတွေထဲမှာ ကျောင်းနေအရွယ် ၆၀ ကျော်ဟာ အခုစာသင်နှစ်မှာ ပညာဆက်လက် သင်ကြားနိုင်ဖို့ အကူအညီ လိုအပ်နေပါတယ်။
2020-07-19
ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ တိုင်းရင်းသားတွေရဲ့ ညီညွတ်ရေးအတွက် အလုပ်ပို လုပ်ကြဖို့ လိုတဲ့အကြောင်းနဲ့ မကောင်းတဲ့အကျင့်တွေ ပြင်ဖို့လိုပြီဆိုတဲ့အကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောထားတဲ့ မိန့်ခွန်း ကောက်နုတ်ချက်ကို နားဆင်နိုင်ပါပြီ။