မကွေးတိုင်းက အရှိုချင်းတွေ တိုင်းရင်းသားဝန်ကြီးနေရာရဖို့ မျှော်လင့်
ဇော်တူး
2020.07.20
2020.07.20
လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ မကွေးတိုင်းအတွင်းမှာ ပျံ့နှံ့နေထိုင်နေကြတဲ့ လူနည်းစု အရှိုချင်းတိုင်းသားတွေရဲ့ အိပ်မက်ကတော့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အရှိုချင်းတိုင်းရင်းသားတဦး အနိုင်ရရှိရေးပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ချင်းပြည်နယ်မှာ ချင်းအမျိုးသားပါတီတွေက ငါးခုလောက်ရှိနေတာမို့ ချင်းပါတီတွေအကြားမှာ အားပြိုင်မှုတွေလည်းရှိနေပါတယ်။
လာမယ့် နိုဝင်ဘာလ(၈)ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ အရှိုချင်းတိုင်းရင်းသားတွေက တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အနိုင်ရဖို့ မျှော်မှန်းနေကြပါတယ်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာမှာနေထိုင်ကြသူ တော်တော်များများရဲ့ဆန္ဒက သူတို့ဒေသ သူတို့အခွင့်အရေးတွေကို သူတို့လူမျိုးကပဲ အပြည့်အဝတောင်းဆိုပေးနိုင်လိမ့်မယ်ဆိုတဲ့ အမြင်က အများဆုံးဖြစ်နေပါတယ်လို့ ဂုတ်ကြီးကျေးရွာသူ ဒေါ်တင်တင်ထွေးက ပြောပါတယ်။
မကွေးတိုင်း ငဖဲမြို့နယ်မှာ အရှိုချင်းတိုင်းရင်းသားလူမျိုးစုအနည်းငယ်ပဲ နေထိုင်ကြပေမယ့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းထားဆဲမို့ အရှိုချင်းတိုင်းရင်းသားဆိုရင် ဒီတောင်ပေါ်ဒေသ ဆယ်အုပ်စုရွာတွေကိုပဲ အများစုက သတိထားမိကြတာပါ။ မကွေးတိုင်းအတွင်းမှာ ချင်းလူမျိုး (၅၃)မျိုးလောက်နေထိုင်ပြီး မြို့နယ်(၁၂)မြို့နယ်မှာ ဖြန့်ကျက် နေထိုင်ကြပါတယ်။
ဒီအခြေအနေကပဲ ချင်းတိုင်းရင်းသားပါတီတွေ ပေါ်ပေါက်လာပြီး ပါတီကြီး(၂)ခုနဲ့ဆိုရင် ပါတီ(၅)ခုဟာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေကြတာပါ။ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်မိုးရဲ့ မဲထည့်လိုတဲ့ ဆန္ဒကတော့ ထူးခြားပါတယ်။
ငဖဲမြို့နယ်က ဦးကျားကြီးကတော့ အရှိုချင်းကိုယ်စားလှယ်လောင်းပါဝင်နေတဲ့ ကြံ့ခိုင်ရေးပါတီကို အနိုင်ရစေချင်တယ်လို့ ဆိုပါတယ်။
ငဖဲကျေးရွာအုပ်ချုပ်ရေးမှာပါဝင်နေတဲ့ ရာအိမ်မှူး ဆလိုင်းထင်အောင်ထွန်းကတော့ ပါတီတွေအနေနဲ့ အစိုးရဖွဲ့နိုင်တဲ့ အနေထားရှိမရှိကို ပြည်သူတွေ လေ့လာသုံးသပ်ပြီး မဲဆန္ဒပေးဖို့သင့်သလို အင်အား ကြီးပါတီတွေကသာ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းပြောဆိုပါတယ်။
အရှိုချင်းတိုင်းရင်းသား တွေအနေနဲ့ လူနည်းစုဖြစ်သလို မြေယာပိုင်ဆိုင်မှုအတွက်အထောက်အထားမရတာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေကို အသိအမှတ်မပြုပေးတာတွေကိုနိုင်ငံတော်အဆင့်ရောက်ခဲ့ရင် ပြောရေးဆိုခွင့်ပိုရလာမယ်။ အကာအကွယ်တွေ ပေးနိုင်ရမယ်ဆိုတဲ့အနေနဲ့ အရှိုချင်းအမျိုးသားပါတီ တည်ထောင်ထားတာလို့ ငဖဲမြို့နယ် အလုပ်အမှုဆောင်ကော်မတီနာယက ဆလိုင်းမျိုးမြင့်နိုင်က ပြောပါတယ်။
ဂုတ်ကြီးရွာသူ မိုင်စီစီဝင်းကတော့ အရှိုချင်းလူမျိုး ဦးဆောင်နေတဲ့ပါတီကပဲ ဒေသအကျိုးကို ဆောင်ရွက်နိုင်မယ်လို့ ယူဆပါတယ်။
ရွေးကောက်ပွဲကော်မရှင်က မကြာမီရက်ပိုင်းအတွင်းမှာ ကိုယ်စားလှယ်လောင်း စာရင်းတွေ၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်ပါတီတွေကို ထုတ်ပြန်ကြေညာတော့မှာပါ။
တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို အရှိုချင်းတိုင်းရင်းသားတွေ တကယ်ပဲ ရွေးချယ်တင်မြှောက်နိုင်မလား ဆိုတာကတော့ မကြာခင်ကျင်းပမယ့်ရွေးကောက်ပွဲကာလမှာ သိရပါလိမ့်မယ်။