သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-08
လာမယ့် မေလ ၂၄ ရက်နေ့ဆိုရင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတော့မှာ ဖြစ် ပါတယ်။ ဒီတစ်ကြိမ်မှာ ပထမအကြိမ်တုန်းကလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်နိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာ ပါတယ်။
2017-05-08
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ကလေးတိုင်း အနည်းဆုံးတော့ မူလတန်းပညာ သင်ကြားနိုင်ဖို့ အဓိက ကျပေမဲ့၊ ဆယ်စုနှစ်တွေချီပြီး မြန်မာ့ ပညာရေးစနစ်ညံ့ဖျင်းကျဆင်းခဲ့တာမို့ ကလေးတွေရော၊ ဆရာ-ဆရာမတွေပါ စနစ်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။
2017-05-05
ရန်ကုန်က ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Water Taxi ပြေးဆွဲဖို့ စီစဉ်နေပါတယ်၊ ရေလမ်းခရီးမို့ ပြည် သူတွေ ဘေးအန္တရာယ်ကင်းရှင်းနိုင်ရေး ဘယ်လို အစီမံတွေ လုပ်ထားသလဲဆိုတဲ့အပေါ် စိုးရိမ်မှုတွေ လည်း ရှိနေကြပါတယ်။
2017-05-05
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ EU ဒုတိယဥက္ကဌ ဖယ်ဒရီးကား မိုဂေရိနီ (Federica Mogherini) တို့ မေလ ၂ ရက်နေ့က ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်ကိုစေလွှတ်မယ့် UN အချက်အလက်ရှာဖွေရေးအဖွဲ့ကို လူသိရှင်ကြားထောက်ခံဖို့နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲခဲ့ကြပါတယ်။
2017-05-05
တစ်နှစ်ကို ၂ ကြိမ်ကျင်းပမယ်လို့ ဆုံးဖြတ်ထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို မေလ ၂၄ ရက်နေ့မှာ ဒုတိယအကြိမ်ကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ၂၁ ပင်လုံမှာ တင်သွင်းဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် တိုးတက်မှု သိပ်မတွေ့ရလို့ ဆိုပါတယ်။
2017-05-04
ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းက တောင်သူလယ် သမားတွေဟာ မိုးမကျသေးပေမဲ့ စိုက်ပျိုးဖို့ ပြင် ဆင်နေကြပြီး မန္တလေးတိုင်း မေမြို့ (ခေါ်) ပြင်ဦး လွင်မြို့နယ်က တောင်သူတွေတချို့ကတော့ တရား စွဲဆိုခံထားရပေမဲ့ အမှုဖြစ်နေတဲ့မြေမှာပဲ အရင်အ စိုးရလက်ထက်ကအတိုင်း ဝင်ရောက်စိုက်ပျိုးနေကြ တဲ့အကြောင်းနဲ့ ရာသီဥတု ကမောက်ကမဖြစ် လို့ တောင်သူတွေ အခက်အခဲကြုံရတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-05-03
ဥရောပကော်မရှင် ဒုတိယ ဥက္ကဌ Federica Mogherini ဖေဒေရီးကား မိုဂေရိနီ က ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အခိုင်အမာ ဆက်လက်ကူညီမယ်လို့ မနေ့ကပြောကြားလိုက်ပါတယ်။
2017-05-02
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်နေ့မတိုင်ခင် နိုင်ငံတကာအဖွဲ့တွေက ထုတ်ပြန်တဲ့ မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် သတ်မှတ်ချက်တွေနဲ့ ပြည်တွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ရဲ့ လက်ရှိစာနယ်ဇင်းလောက လွတ်လပ်မှုအပေါ် သုံးသပ်ချက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-05-02
အစိုးရအရာရှိကြီးတွေ၊ ဝန်ထမ်းတွေ အလွဲသုံးစားလုပ်တာကို စစ်ဆေးတွေ့ရှိပေမယ့် ဥပဒေအရ အရေးမယူနိုင်တာဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတယ် လို့ ထောက်ပြကြပါတယ်။
2017-05-01
NLD ပါတီအမတ်တွေအများစုရှိတဲ့ လွှတ်တော်သက်တမ်းဟာ အခုဆိုရင် (၁) နှစ်ကျော်ရှိနေပြီ ဖြစ်ပေ မယ့် ပြည်သူအသံကိုနားထောင်ပြီး ကိုယ်စားပြုတဲ့ ဆွေးနွေးမှုမျိုးတွေနဲ့ အစိုးရကို အပြန်အလှန် ထိန်းကျောင်းပေးဖို့တွေမှာလည်း အားနည်းတာတွေ တွေ့ရတယ်လို့ ဝေဖန်ကြတာတွေရှိပါတယ်။
2017-05-01
မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေကို ပိုမိုနားလည်အောင်ကြိုးစားပြီး အခွင့်အရေးရအောင်ယူကြဖို့နဲ့ အလုပ် သမားတွေရဲ့ နစ်နာချက်တွေ လိုအပ်ချက်တွေအတွက် လွှတ်တော်မှာဖွဲ့စည်းထား တဲ့ အလုပ်သမားရေးရာကော်မတီကို အကြံပြုကြပါလို့ အမျိုးသား လွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားရေး ရာကော်မတီဥက္ကဌ ဦးကျော်ထွေးက ပြောပါတယ်။
2017-05-01
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သံတမန်ရေး ကူညီဖြေရှင်းပေးလိုကြောင်း တရုတ်နိုင်ငံက ကမ်းလှမ်းထားတယ်လို့ ရိုက်တာသတင်းဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရေးသားလိုက်ပါတယ်။
2017-04-29
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ တရုတ်နိုင်ငံ ဘေဂျင်းမှာ ရောက်ရှိနေပါတယ်။
2017-04-29
မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်က ဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့တဲ့ တခြားနိုင်ငံတွေနည်းတူ အခက်အခဲတွေကို ရင်ဆိုင်နေရတာဖြစ်ပြီး ဒီမိုကရေစီစနစ်အခြေကျလာတာနဲ့အမျှ တိုးတက်လာမှာဖြစ်တယ်လို့ မြန်မာ့အရေးလေ့လာ သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောကြားလိုက်ပါတယ်။
2017-04-28
ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနဲ့ ပြည်တွင်း အခွန်များဦးစီးဌာနညွှန်ချုပ်တို့က ပြည်တွင်းအခွန်များ ဦးစီးဌာနက ဝန်ထမ်းတွေ လုံးဝလာဘ်မစားဘူးလို့ အာမခံလိုက်ပြီး အဲဒီဌာနကဝန်ထမ်းတွေကို သုံးလတစ်ကြိမ် ဆုကြေးငွေ ပေးဖို့စီစဉ်နေတယ် လို့ ပြောဆိုခဲ့ပါတယ်။