သူရဦးရွှေမန်း တရုတ်နိုင်ငံ ဘေဂျင်းကိုရောက်ရှိ
2017.04.29
ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း လက်ရှိ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ သူရဦးရွှေမန်းဟာ တရုတ်နိုင်ငံ ဘေဂျင်းမှာ ရောက်ရှိနေပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာမယ့်မေလ လယ်ပိုင်းမှာ သွားရောက်မယ့် တရုတ်နိုင်ငံခရီးစဉ်မတိုင်မှီ ဒီရက်ပိုင်းအတွင်း ဦးရွှေမန်းကတရုတ်နိုင်ငံကို ရောက်ရှိနေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးချော့မွေ့စေ ဖို့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ နက်နက်ရှိုင်းရှိုင်းပါဝင်ခဲ့ဖူးတဲ့ သူတစ်ဦးကို အကြိုလွှတ်လိုက်တဲ့ သဘောဖြစ်နိုင်ကြောင်း ခန့်မှန်းမူတွေလဲရှိပါတယ်။ သူရဦးရွှေမန်းရဲ့ ခရီးစဉ်အပေါ် လေ့လာသူတွေရဲ့အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်း က စုစည်းတင်ပြထားပါတယ်။