သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-17
ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က လွတ်လွတ်လပ်လပ်၊ ဘက်လိုက်မှုကင်းကင်းနဲ့ တရားမျှတစွာ ဆောင်ရွက်မယ်သွားလို့ သြဂုတ်လ ၁၆ ရက်နေ သတင်းစာရှင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
2018-08-17
ဒီရက်ထဲမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးတဲ့သတင်းတွေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။ ဖမ်းမိသူတွေဟာ လက်လွှဲရောင်းချသူတွေနဲ့ သုံးစွဲသူတွေ ဖြစ်နေတာမို့ ပင်ရင်း ထုတ်လုပ်သူနဲ့ ဖြန့်ဝေသူတွေကို ဘာကြောင့် မမိတာလဲလို့ မေးခွန်းထုတ်ကြသလို မိအောင်ဖမ်းပေးနိုင်ဖို့ ပြည်သူလူထုက လိုလားနေကြပါတယ်။
2018-08-17
တရားဥပဒေစိုးမိုးရေး ဆောင်ရွက်တဲ့အခါ၊ Rule of Law ဆိုတဲ့အပိုင်းနဲ့ Law Enforcement ဆိုတဲ့ အပိုင်းရယ်လို့ လုပ်ငန်းစဉ် ၂ ပိုင်း ရှိနေပါတယ်။ တရားဥပဒေစိုးမိုးရေးအတွက် တရားမျှတတဲ့ဥပဒေနဲ့ ဘက်မလိုက်တဲ့ တရားစီရင်ရေးဖြစ်ဖို့ လိုအပ်သလို၊ ရဲတပ်ဖွဲ့တို့ တရားစွဲရှေ့နေတို့ကို ခေတ်ပညာတတ်တွေ ဖြစ်အောင် ပြုစုပျိုးထောင်ပြီး၊ ဥပဒေ ချိုးဖောက်တာတွေကို အာဏာရှိ၊ အာဏာမဲ့ မခွဲဘဲ အရေးယူဖို့ လိုအပ်တယ်လို့ ထောက်ပြကြပါတယ်။
2018-08-16
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က အမျိုးသမီးခေါင်းဆောင်တဦးဖြစ်တဲ့ မမီးမီးရဲ့ ဈာပနကို ဒီကနေ့ ကျင်းပမှာဖြစ်ပါတယ်။
2018-08-16
ထိုင်း-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်နဲ့ နှစ်နိုင်ငံ ပူးတွဲကော်မရှင် အစည်းအဝေး တက်ရောက်ဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်တဲ့ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေး ဆွေးနွေးရုံသာမက နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်မယ့် သဘောတူညီချက်တွေရရှိတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-08-16
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ဝ ရက်နေ့က နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးလိုက်တဲ့ အဖွဲ့ဝင်လေးဦးပါ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ သြဂုတ်လ ၁၆ ရက်နေ့ ညနေက နေပြည်တော်မှာ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပါတယ်။
2018-08-16
သြဂုတ်လ ၁၃ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မမီးမီး ခေါ် မသင်းသင်းအေးဟာ အမျိုးသမီးသတ္တိရှင်တဦးဖြစ်ပြီး၊ ဘဝတလျှောက်မှာ စစ်အာဏာရှင်ကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့သလို၊ ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အနစ်နာခံသူ၊ စေတနာကောင်းသူ၊ ကိုယ်ကျိုးမဖက်သူအဖြစ် ပြောဆိုကြပါတယ်။
2018-08-15
အင်တာနက် လူမှုကွန်ယက်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါဝင် အစိုးရအဖွဲ့ကို အကြည်ညိုပျက်အောင် ရေးသားတာတွေကို တရားစွဲဆိုမယ်ဆိုတဲ့ မကွေးတိုင်းဒေသကြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်ဟာ NLD အစိုးရအပေါ်ကို ဝေဖန်ထောက်ပြနိုင်တဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးကို ဟန့်တားခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ သတင်းမီဒီယာအသိုင်းအဝန်းက မှတ်ချက်ပေးကြပါတယ်။
2018-08-15
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အခုလပိုင်းအတွင်း ကျင်းပခဲ့တဲ့ အမျိုးသားရေးဆိုင်ရာ အခမ်းအနားတွေကို ပိတ်ပင်တားဆီးမှုတွေ လုပ်ခဲ့ပါတယ်။
2018-08-14
တရုတ်-မြန်မာ ဖက်စပ်တည်ဆောက်မယ့် ရခိုင်ပြည်နယ်က ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ရေလုပ်သားတွေအတွက် ငါးဖမ်းစရာ ရေပိုင်နက် မရှိတော့သလို ဖြစ်ခဲ့ရပါတယ်။
2018-08-14
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား သဘောတူထားတဲ့ နားလည်မှုစာချွန်လွှာဟာ တကယ့်လက်တွေ့မှာ အလုပ် မဖြစ်နိုင်ဘူးလို့ သုံးသပ်နေကြပါတယ်။
2018-08-14
ရေဘေးလို သဘာဝဘေးအန္တရာယ်တွေ ကြုံရပြီးနောက်မှာ ဘေးဒဏ်ခံရသူတွေဟာ ခန္ဓာကိုယ် ကျန်းမာရေးတင်မက စိတ်ကျန်းမာရေး ပြဿနာနဲ့ လူမှုဘဝ ထိခိုက်မှုတွေအထိပါ ဖြစ်လာတတ်ပါတယ်။
2018-08-13
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့သူတွေပြန်လက်ခံရေးအစီအစဉ်အတွက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP နဲ့ မြန်မာအစိုးရတို့ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို ဇွန်လ ၆ ရက်နေ့မှာ လက်မှတ်ရေးထိုးထားကြပေမယ့် ဘယ်လိုသဘောတူကြလဲဆိုတဲ့ စာချုပ်ထဲကအချက်အလက်တွေကို အသေးစိပ်ထုတ်ပြန်မထားပါဘူး။
2018-08-13
မန္တလေးမြို့မှာ သြဂုတ်လ ၁၃ ရက် နေ့လည်ခင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတဦး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုဟာ မန္တလေးမြို့မှာ နေထိုင်သူတွေအတွက် ထိတ်လန့်စရာ ဖြစ်နေပြီး လူတဦးချင်းစီရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2018-08-13
ပယင်းမှော်တွေ ရွှေမော်တွေရှိတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး ဘေးမဲ့တောဖွင့်နိုင်ဖို့ နဝတ အစိုးရလက်ထက်က ကြိုးပမ်းနိုင်ခဲ့တဲ့ အမေရိကန် သတ္တဗေဒပညာရှင်ဟာ ဒီလဆန်းမှာ ကွယ်လွန်သွားပါတယ်။