သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-11
နယ်သာလန်နိုင်ငံ သဟိတ်မြို့က ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဒီနေ့ မြန်မာနိုင်ငံက ပြန်လည်ချေပရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ တပ်မတော်တို့ရဲ့ အမြင်တွေကို တင်ပြထားပါတယ်။
2019-12-10
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ အမူရင်ဆိုင်နေရချိန်မှာ အမေရိကန် နိုင်ငံက မြန်မာစစ်ဘက်ထိတ်တန်းခေါင်းဆောင် လေးဦးကို အရေးယူလိုက်ပါတယ်။
2019-12-09
ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဖို့သွားတဲ့ ကမ္ဘာ့တရားရုံး ICJ အမှု၊ နယ်သာလန်ခရီးကို ပြည်တွင်းလူထုကတော့ ထောက်ခံဆန္ဒပြပွဲ ခြိမ့်ခြိမ့်သဲကျင်းပနေပါတယ်။ ဒီဆန္ဒပြပွဲတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထောက်ခံတဲ့ပွဲတွေ ဖြစ်မသွားဖို့လည်း လိုတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2019-12-08
ဗိုင်းရပ်စ်ကနေ ကူးစက်တဲ့ ဝက်သက်ရောဂါကို ကာကွယ်ဆေးထိုး ကာကွယ်နိုင်ပေမဲ့ မနှစ်ကဆိုရင် တကမ္ဘာလုံး လူတသိန်းကျော်ဖြစ်ပွားရပြီး အမေရိကန်ပြည်ထောင်စုလို နိုင်ငံမှာတောင် ၂၅ နှစ်အတွင်း အများဆုံး ဖြစ်ပွားရပါတယ်။
2019-12-08
လူမျိုးတုံးသတ်ဖြတ်မှု နဲ့ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာတရားရုံးမှာ တရားစွဲဆို ထားတဲ့အပေါ် ရင်ဆိုင် ဖြေရှင်းဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ကို ထွက်ခွာသွားတဲ့အပေါ် ဆိုင်ရာနယ်ပယ်တွေက ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေကို ဦးသစ်ဆင်း က စုစည်းတင်ပြမှာပါ။
2019-12-07
မြန်မာအစိုးရရဲ့ ဖိအားပေးတောင်းဆိုမှုကြောင့် AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ဇနီးနဲ့ သားသမီးတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တဲ့ အပေါ် မြန်မာအစိုးရဆီ လွှဲပြောင်းပေးမယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံရနိုင်တယ်လို့ လူ့အခွင့် အရေးအဖွဲ့တွေက ဝေဖန်လိုက်ကြပါတယ်။
2019-12-06
တက္ကသိုလ် ဆရာ/ဆရာမတွေ ရာထူးတိုးပေးတာနဲ့ တာဝန်ကျဒေသ ရွှေ့ပြောင်းတဲ့ ကိစ္စတွေမှာ မျှတမှုမရှိတဲ့အတွက် ပြန်ပြီးစိစစ် ပြင်ဆင်ပေးဖို့ တက္ကသိုလ်ဆရာများ ကိုယ်စားပြု ကော်မတီက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။
2019-12-06
ကချင်ပြည်နယ် ဝိုင်းမော်နဲ့ ဖားကန့်ကျောက်စိမ်းမှော်မှာ တရုတ်စားသာပါ ဆိုင်းဘုတ်ထောင်တာနဲ့ ကားပေါ် တရုတ်နိုင်ငံအလံကပ်ပြီး ဝင်လာတဲ့ သူတွေကို ဖမ်းဆီးအရေးယူထားပါတယ်။
2019-12-05
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းကျေးရွာမှာ တာဝန်ကျနေတဲ့ အလယ်တန်းပြဆရာ တစ်ဦးနဲ့ ကျောင်းစာရေး တစ်ဦးတို့ကို AA အဖွဲ့နဲ့ ပတ်သက် တယ်ဆိုတဲ့ သံသယနဲ့ ဒေသလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်း လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-12-05
လူမျိုးတုံးသတ်ဖြတ်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံထားရတဲ့ကိစ္စကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖြေရှင်းမယ့် အပေါ် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ထောက်ခံပွဲတွေ ပြုလုပ်တာတွေရှိနေသလို ရှေ့ဆက်ပြီးလည်း လုပ်ဆောင်ဖို့ ရှိနေပါတယ်။
2019-12-04
ဂမ်ဘီယာနိုင်ငံက မြန်မာကို နိုင်ငံတကာတရားရုံး ICJ မှာ အမှုဖွင့်စွဲဆိုတာကို ကချင်အရပ်ဘက်အဖွဲ့အစည်းတချို့က ထောက်ခံကြပါတယ်။
2019-12-04
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံ စွဲဆိုခံနေရမှုမှာ လက်နက်ကိုင် အဖွဲ့တချို့က အစိုးရဘက်ကနေ ထောက်ခံကြသလို ICJ ဘက်ကနေ ရပ်တည်ကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
2019-12-04
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို ငွေကျပ် သန်းပေါင်း ၁၈၀၀ ကျော် ထောက်ပံ့ပေးထားပြီးဖြစ်တယ်လို့ အစိုးရက ပြောဆိုလိုက်တာနဲ့ ပတ်သက်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ဝေဖန်နေကြပါတယ်။
2019-12-03
မြန်မာနိုင်ငံ ICJ မှာ အမှုရင်ဆိုင်ရမယ်ကိစ္စနဲ့ ပတ်သက်ပြီး ကက်သလစ်ဂိုဏ်းချုပ် ချားလ်စ်မောင်ဘိုက အပြည်ပြည်ဆိုင်ရာကို ပန်ကြားချက်တစ်စောင် ဒီဇင်ဘာ ၁ ရက်နေ့က ထုတ်ပြန်ပြီး ပန်ကြားလိုက်ပါတယ်။
2019-12-02
AA နဲ့ တပ်မတော် တိုက်ပွဲကာလအတွင်း သံသယနဲ့ ဖမ်းဆီးခံထားရသူတစ်ချို့ တပ်မတော်စစ်ကြောရေးမှာ အသက် သေဆုံးနေရတဲ့ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ တပ်မတော်ရဲ့ ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးမှုပေါ်ပေါက်ချက်အပေါ်မှာ မူတည်ပြီးမှ ဆက်လက်ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရခိုင်လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးထံ အကြောင်းပြန်လိုက်ပါတယ်။