သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-24
ကလေးစာပေရှိခြင်းဟာ ကလေးတွေအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စူးစမ်းလေ့လာမှုနဲ့ တီထွင်ဖန်တီးမှုကို ရရှိစေပါတယ်။ ကလေးစာပေ ရဲ့အကျိုးနဲ့ ဒီကနေ့ခေတ်မှာ ကလေးစာပေ တိမ်ကောလာရခြင်းရဲ့အကျိုးဆက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-02-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဦးရေနဲ့ မတိမ်းမယိမ်းဖြစ်လာနေတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဘတ်စ်ကားလိုင်းစနစ်စီမံခန့်ခွဲမှု မတူတာကိုနှိုင်းယှဉ်ပြီး RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-02-24
ဇန်နဝါရီ ၁၆ ရက်နေ့က စတင်ခဲ့တဲ့ အများပိုင်ယာဉ်လိုင်းစနစ် YBS နဲ့ပတ်သက်ပြီး ယာဉ်ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေ ကြုံနေရတဲ့ နောက်ဆုံးအခြေအနေတွေကို RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
2017-02-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက လုပ်ငန်း သုံးကားတချို့ကို တားဆီးထားပြီး ဒေသခံတွေ သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေကြပါ တယ်။ တိုင်းဒေသကြီးအစိုးရကတော့ ဒီပြဿနာ ကို ပြေလည်အောင် ညှိနှိုင်းနေတယ်လို့ ပြော ပါတယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သီးနှံလျော်ကြေးရဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ နောက် ဆုံးအခြေအနေကို မသင်းသီရိပြောပြမှာပါ။
2017-02-22
နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ မြေယာအမှုတွေကို ဖြေ ရှင်းပေးဖို့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ရှိပေမယ့် အများကမသိကြဘဲ သိတဲ့အခါ အချက်အလက်အထောက်အထားမှန်ကန်ရင် အမှုမှန်ဖြေရှင်းနိုင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-02-21
အသံချဲ့စက်ဆူညံသံကြောင့် လူ့အဖွဲ့အစည်းအတွင်း မှာ အငြင်းပွားစရာတွေ၊ ငြူစူမှုတွေဖြစ်လာ ပြီး နောက်ဆက် တွဲပြဿနာတွေဖြစ်လာနိုင်တဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ က ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။
2017-02-20
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ ချိူးဖောက်မှုတွေရှိတာမို့ ဒီစီမံကိန်းကို ရပ်ဆိုင်းထားဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။
2017-02-20
အစိုးရနဲ့စစ်တပ်က တပြည်လုံးမှာ တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲရေးကြေညာပြီး အားလုံးပါဝင်တဲ့ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ မခဲယဉ်းဘူးလို့ ၈ လေးလုံး အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူတွေက သုံးသပ်နေကြ ပါတယ်။
2017-02-19
လွှတ်တော် ကိုယ်စားလှယ်လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်နေရာ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေကျော်က ရပ်ကွက်တွေအတွင်း ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2017-02-18
လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက မွန်ပြည် နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဦးဆောင်တဲ့အဖွဲ့က ဒီနေ့ ချောင်းဆုံမြို့နယ် ဖံဖ ကျေးရွာမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2017-02-18
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ဝန်ကြီးချုပ်တာဝန်ကနေ နှုတ်ထွက်ကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်မှာ ဒီကနေ့မနက်က ကြေညာလိုက်ပါတယ်။ ဦးမင်းမင်းဦးက လာမယ့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ တရားဝင် နှုတ်ထွက်စာတင်မှာဖြစ်ပါတယ်။
2017-02-17
မြန်မာနိုင်ငံက ဘာသာရေး၊ လူမှုရေးပွဲတွေမှာ အသံချဲ့စက်ကို လိုတာထက်ပိုသုံးလာကြ တာကြောင့် လူ့အဖွဲ့အစည်းအတွင်းမှာ အငြင်းပွားစရာတွေ၊ ငြူစူမှုတွေဖြစ်လာပြီး ၊ နောက်ဆက်တွဲပြဿနာတွေဖြစ် ပွားလာနိုင်တဲ့ ဆိုးကျိုးတွေရှိတယ်လို့ သုံးသပ်ကြပါတယ်။
2017-02-17
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဦးပိုင်တို့ လုပ်ကိုင်နေကြတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပြဿနာပေါင်းများစွာရှိခဲ့ပြီး ပြဿနာတွေအတော်များများကို အစိုးရသစ်လက်ထက်မှာ ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
2017-02-16
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်ထဲမှာ မွေးစား ခံရတဲ့ ကလေးငယ် ၇ ယောက်ထဲက မိန်းကလေး ငယ် ၄ ဦးကို အိမ်ရှင်ရဲ့ ယာဉ်မောင်းက အဓမ္မပြု ကျင့်ခံတဲ့ အမှုနဲ့ပတ်သက်လို့ စစ်ဆေးဆောင်ရွက် ချက်တွေဟာ နှေးကွေးလွန်းပြီး အားရစရာမရှိဘူးလို့ ကလေးငယ်တွေဘက်က ကူညီပေးနေသူတွေ က ထောက်ပြကြပါတယ်။
2017-02-15
လမ်းပေါ်မှာလေလွင့်နေတာမဟုတ်ပေမဲ့ ကျူးကျော် ရပ်ကွက်မှာနေထိုင်ရတဲ့ မိဘတွေက ပေါက်ဖွား လာတဲ့ ကလေးအများစုဟာ လူတန်းစေ့စေ့လည်း မနေရ၊ ကျောင်းလည်းမနေရဘဲ တောက်ပတဲ့ အနာဂတ်ပျောက်နေတဲ့အကြောင်း ဒေါ်စမ်းစမ်းတင် က တင်ပြထားပါတယ်။