သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-03
အာဏာသိမ်း စစ်အစိုးရက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန် ဥပဒေ၊ သမ္မတဦးဝင်းမြင့် ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ခဲ့တာဟာ မတရားအနိုင်ကျင့်မှုပဲလို့ အထက်မြန်မာပြည် ရွှေဝါရောင်ကွန်ရက်ခေါင်းဆောင် အရှင်စိန္တိတ က မိန့်ကြားပါတယ်။
2021-01-31
ဥပဒေကို လိုက်နာမှုမရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ် ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တွေ့ဆုံ ချိန်မှာ ပြောခဲ့ပြီးနောက်ပိုင်း တပ်မတော် အာဏာသိမ်းတော့မလားဆိုတဲ့ သုံးသပ်ချက်တွေ စိုးရိမ်ချက်တွေ ထွက်ပေါ် ခဲ့တာပါ။
2021-01-29
ထိုင်းတောင်ပိုင်း ရနောင်းမြို့နယ် ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံနေရတဲ့ သူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို မြန်မာနိုင်ငံဘက်ကို ဇန်နဝါရီလ ၂၈ရက်နေ့က ပြန်ပို့ပေးခဲ့ပြီး နောက်ထပ် ၉၇ဦးကို ထိုင်းမြန်မာနယ်စပ် မြဝတီမြို့က တဆင့်ပြန်ပို့ပေးဖို့ ထိုင်းနဲ့မြန်မာအာဏာပိုင်တွေ ညှိနှိုင်းနေကြပါတယ်။
2021-01-28
ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တပ်မတော်စွပ်စွဲသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ဇန်နဝါရီလ ၂၈ ရက် မနေ့ကကြေညာခဲ့ပါတယ်။ တရက်တည်းမှာပဲ တပ်မတော်က မြန်မာနိုင်ငံ တဝန်းလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးကိစ္စတွေက လွဲပြီး စစ်ရေးလှုပ်ရှားမှုတွေကို ဖေဖော်ဝါရီလကုန်အထိ ရပ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။
2021-01-28
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ မိခင်ပင်မဥပဒေဖြစ်တာကြောင့် ဒါကိုမလိုက်နာ ရင် ဖျက်ပစ်လို့ရကြောင်း အရင်ကဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေကို ဥပမာပေးပြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဇန်နဝါရီ ၂၇ ရက် မနေ့က ပြောကြားလိုက် ပါတယ်။
2021-01-27
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကာလအတွင်း တစ်နေရာကနေ တစ်နေရာ အသွားအလာ ကန့်သတ်ထားပေမယ့် ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ရိုဟင်ဂျာ မွတ်စလင်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြဆဲဖြစ်ပါတယ်။
2021-01-26
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို သတင်းဌာနတခုက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ ပြောနိုင်ပါသလားလို့ မေးမြန်းခဲ့ရာမှာ အဲဒီလို မမှတ်ယူနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး အများပြည်သူအကြား စစ်တပ်က အာဏာသိမ်းနိုင်ပုံကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
2021-01-25
ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး အိန္ဒိယနိုင်ငံက လှူဒါန်းလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး တစ်သန်းခွဲကို မြန်မာနိုင်ငံမှာ စတင်ထိုးပေးပါတော့မယ်။ ပြည်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို တိတိကျကျ မသိရသေးလို့ စိုးရိမ်မှုတွေ ရှိနေပြီး ဆေးမထိုးချင် ဖြစ်နေပါတယ်။ ဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုး ရှိ၊ မရှိ သတင်းအချက်အလက်အပြည့်အစုံ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုနေပါတယ်။
2021-01-24
NLD အစိုးရ ၅ နှစ် ကာလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်၊ သတင်းအချက်အလက်ရယူဖို့ ခက်ခဲတာတွေအပြင် ဈေးကွက်နဲ့ ကြော်ငြာတွေမှာ အစိုးရသတင်းစာတွေကို အစစအရာရာ မယှဉ်ပြိုင်နိုင်တာ၊ ကပ်ဘေးကိုပါ ထပ်မံ ရင်ဆိုင်ရတာကြောင့် ပုဂ္ဂလိကသတင်းစာတွေ တစ်စောင်ပြီး တစ်စောင် ရပ်နားခဲ့ရပါတယ်။
2021-01-22
မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ပထမဆုံးအကြိမ် မနေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒီဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို အချိန်လုပြီး စမ်းသပ် ထုတ်လုပ်ခဲ့ရတာဖြစ်လို့ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ပူပန်နေသူ တချို့လည်း ရှိပါတယ်။ ဆရာဝန်တွေကတော့ ဆေးထိုးဖို့ ထောက်ခံပြောဆိုကြသလို ဆေးထိုးပြီး မတော်တဆဖြစ်လာရင် အရေးပေါ်ပြုစုဖို့လည်း မြန်မာဆေးပညာရှင်တွေက ဆွေးနွေး စီစဉ်နေတယ်လို့ သိရပါတယ်။
2021-01-21
ကိုဗစ်ကာကွယ်ဆေးကို မြန်မာပြည်မှာ မကြာခင် စတင်ထိုးနှံမှာဖြစ်ပေမယ့် လူများစုရရှိရေးအတွက် အချိန်ကာလ တခုကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။ ဒီအတောအတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍပေါင်းစုံ အကြီးအကျယ် ထိခိုက်နေရာမှာ မြန်မာနိုင်ငံလို ဆင်းရဲတဲ့နိုင်ငံတွေက ဒီဒုက္ခတွေကို ပိုမိုခံစားနေရပါတယ်။
2021-01-16
ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး သံသယမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့တဲ့အတွက် ထိုင်းရဲအရာရှိတစ်ဦးကို တာဝန်က ရပ်ဆိုင်းလိုက်ပြီး အမှု လေးခုနဲ့ တရားစွဲထားပါတယ်။
2021-01-15
ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ မွတ်စလင်အပြင် တခြားတိုင်းရင်းသားလူနည်းစုအားလုံး အတူယှဉ်တွဲ နေထိုင်ရေးအတွက် အွန်လိုင်းဆွေးနွေးပွဲတခုကို လာမယ့် တနင်္လာနေ့ ကျင်းပဖို့ရှိပါတယ်။ အခုလို အတူယှဉ်တွဲ နေထိုင်ရေးနဲ့ ပတ်သက်ပြီး ရခိုင်ခေါင်းဆောင်တဦးနဲ့ ရိုဟင်ဂျာ မွတ်စလင်ခေါင်းဆောင်တဦးရဲ့ သဘောထားတွေကို တင်ပြထားပါတယ်။
2021-01-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့ တောင်ကြီးမြို့မှာ ဒီကနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။ NLD နဲ့ တိုင်းရင်းသားပါတီတွေ တွေ့ဆုံပွဲတချို့ အဆင်ပြေပေမယ့် တချို့က ပျက်သွားခဲ့ပါတယ်။
2021-01-14
NLD အစိုးရရဲ့ ဒုတိယသက်တမ်းမှာ လူ့အခွင့်အရေးကို ဗဟိုပြုပြီး အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီလို့ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့က အာရှဆိုင်ရာညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။