သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-02
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို လပေါင်းအတန်ကြာ ဟန့်တားထိန်းသိမ်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လအတွင်းမှာ ကူးစက်မှု ရုတ်တရက်ခုန်တက်ခဲ့ပြီး အတည်ပြုလူနာ ငါးရာနီးပါး ရှိခဲ့ပါတယ်။
2020-09-02
တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရန်ကျဲ့ချိက မနေ့က နေပြည်တော်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံသဘောတူထားတဲ့ စီမံကိန်းတွေကို အရှိန်အဟုန်နဲ့ ဆက်လက်အကောင်ထည်ဖော်ဖို့၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အချက်တော်တော်များများ ဆွေးနွေးခဲ့ကြပါတယ်။
2020-09-02
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ (ခ) အရ တိုင်းနဲ့ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ဖို့ လိုအပ်ပါတယ်။ လက်ရှိမှာတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးနေပါပြီ။
2020-09-01
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု အတိုင်းအတာနဲ့ ပိုးရဲ့ ပုံသဏ္ဍာန်တွေကို သိနိုင်ဖို့ ပိုးကူးစက်ခံရနိုင်ခြေများတဲ့ လူနေထူထပ်တဲ့နေရာတွေက လူတစ်ထောင်လောက်ကို ကျန်းမာရေးဌာနက စစ်ဆေးနေပါတယ်။