သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-12
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာနေထိုင်တဲ့ မွတ်ဆလင်တွေ နိုင်ငံသားလျှောက်ထားရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ပြောကြပါတယ်။
2018-07-12
ထိုင်းနိုင်ငံက ဂူကြီးထဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ကယ်ထုတ်ရာမှာ သူတို့ကို အိပ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။ ဦးတင်အောင်ခိုင် က ပြောပြပါလိမ့်မယ်။
2018-07-11
ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အခြေခံပညာ ဦးစီးဌာနက ၆ လတာ ထပ်တိုးဘတ်ဂျက်မှာ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေနဲ့ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ဖို့ ချထားတာကို ရုပ်သိမ်းလိုက်ပါတယ်။
2018-07-11
နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲတွေကို နိုင်ငံ့အရေး စိတ်ဝင်စားတဲ့ လူငယ်တွေလည်း စောင့်ကြည့်နေကြပါတယ်။
2018-07-11
ထိုင်းနိုင်ငံက ချင်းရိုင်ခရိုင်က ရေလျံနေတဲ့ ထုံးကျောက် ဂူကြီးထဲမှာ ပိတ်မိနေခဲ့တဲ့ ဘောလုံး အသင်းသား လူငယ် ၁၂ ဦးနဲ့ သူတို့ နည်းပြကို ဇူလိုင်လ ၁၁ရက်နေ့က ကယ်တင်နိုင်ခဲ့ပါပြီ။
2018-07-11
ထိုင်းနိုင်ငံက ထမ်းလွမ်ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ ကျောင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့နည်းပြဆရာကို နိုင်ငံတကာ အကူအညီတွေရယူပြီး အောင်မြင်စွာ ကယ်တင်နိုင်ခဲ့တဲ့အတွက် ထိုင်းအစိုးရကို ကမ္ဘာက ချီးမွမ်းနေကြပါတယ်။
2018-07-10
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ စာရင်းတွေကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နဲ့ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၉ ရက်နေ့က စပြီး ကြေညာထားပါတယ်။
2018-07-10
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မနဲ့ စွဲချက်တင်ဖို့ တရားရုံးက ဆုံးဖြတ်လိုက်တဲ့အပေါ် နိုင်ငံတကာက သဘောထားတုံ့ပြန်ချက်တွေနဲ့ သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ကြတာတွေ အကြောင်း RFA အဖွဲ့သူ မခင်ခင်အိက စုစည်းတင်ပြထားပါတယ်။
2018-07-09
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ထောင်ဒဏ် ၁၄ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ တရားရုံးက စွဲချက်တင်လိုက်ပါတယ်။
2018-07-09
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ (၃) နဲ့ စွဲချက်တင်ဖို့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင်လ ၉ ရက်နေ့က ဆုံးဖြတ်လိုက်တဲ့အပေါ် သတင်းမီဒီယာ သမားတွေက ကန့်ကွက်လိုက်ကြပါတယ်။
2018-07-09
ပညာရှင်တွေတီထွင်တဲ့ နည်းသစ်တွေထဲက ဒရုန်းမောင်းသူမဲ့လေယာဉ်ဟာ လူသား ကောင်းကျိုးတွေအတွက် တဖက်တလမ်းက ပံ့ပိုးပေးနေပြီး မြန်မာနိုင်ငံမှာ ဒရုန်းနဲ့ ဒီရေတောပြန်ပျိုးထောင်ဖို့ စမ်းသပ်နေပါတယ်။
2018-07-06
ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တောဒေသကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ နှစ်ရက်ကြာ သွားရောက် သတင်းယူခဲ့ကြပါတယ်။
2018-07-06
ထိုင်းနိုင်ငံ ထမ်းလွမ်ဂူထဲက ကျောင်းသားတွေ ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး နောက်ဆုံးသိရတဲ့ အခြေအနေတွေကို ဦးခင်မောင်စိုးက တင်ပြထား ပါတယ်။
2018-07-05
မွန်ပြည်နယ်မှာ မွန်ပါတီတွေ ပေါင်းစည်းရေးအတွက် ပြည်သူတွေက လိုလားနေကြပေမယ့် ပေါင်းစည်းရေးအတွက် ကြိုးပမ်းနေတာ အခုဆိုရင် ၆ နှစ်လောက်ရှိနေပြီ ဖြစ်ပါတယ်။
2018-07-05
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရှိမယ့်ကိစ္စကို ကန့်ကွက်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။