သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-02
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနိုင်ဖို့ အစိုးရပိုင်အဆောက်အအုံတွေမှာ နေရာချထားပေးနိုင်မှုမရှိတာကြောင့် ကိုယ်စားလှယ်တွေဟာ လွှတ်တော်တက်ချိန်မှာ နေထိုင်ရေး အခက်အခဲတွေ ကြုံတွေ့ရတာတွေရှိနေပါတယ်။
2016-03-02
ဒီကနေ့ဟာ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းခဲ့တဲ့ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။
2016-03-02
ပုဒ်မ ၅၉ (စ) ကို လွှတ်တော်မှာ ပြင်ဖို့ ခြေလှမ်းမစတင်ရပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနှေးနဲ့အမြန် သမ္မတဖြစ်ရေးကို ဦးတည်ကြိုးပမ်းနေတယ်လို့ NLD ပါတီ တာဝန်ရှိသူတွေက ပြောဆိုနေပါတယ်။
2016-03-02
NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တဲ့ အရည်အချင်းစစ် စာမေးပွဲတွေမှာ ရလာဒ်မကောင်းခဲ့တဲ့ အမတ်တွေကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အမြင်နဲ့ သုံးသပ်ချက်တချို့ကို မသင်းသီရိက စုစည်းတင်ပြထားပါတယ်။
2016-03-02
သမ္မတ ရွေးချယ်ရေး အစည်းအဝေးတွေကို သတ် မှတ်ရက်ထက် သီတင်းတစ်ပတ် စောပြီး မတ်လ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် က ကြေညာ လိုက်တာဟာ NLD ပါတီက သမ္မတ အရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အရေးကြီးအဆိုကိုလွှတ်တော်ထဲ မတင်တော့ဘူးဆိုတဲ့ သဘောဖြစ် နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိလာပါတယ်။
2016-03-02
ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနဲ့ပတ်သက်ပြီး အားလုံးပေးဆပ်မှုနဲ့ချဉ်းကပ်မှသာ ညီညွတ်ရေးရ နိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2016-03-01
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းအကူအညီတွေနဲ့ ရပ်တည်နေခဲ့တာ အခုဆိုရင် ၄ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
2016-03-01
ဒုတိယအကြိမ်လွှတ်တော် ပထမအကြိမ် အစည်းအဝေးကို တက်ရောက်နေကြတဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီကနေ့ညနေပိုင်း မှာ နေပြည်တော်က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ဆုံခဲ့ကြပါတယ်။
2016-02-28
၂ဝဝ၈ ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မ ၅၉ ဆက်လက်တည် ရှိရေး ထောက်ခံဟောပြောပွဲကို မြန်မာအမျိုးသားရေး လှုပ်ရှားတက်ကြွသူများက ရန်ကုန်မြို့ ဗဟန်းမြို့ နယ်က ဗိုလ်စိန်မှန်အားကစားကွင်းမှာ ဒီကနေ့ ပြု လုပ်ခဲ့ပါတယ်။
2016-02-28
ဒုတိယအကြိမ်လွှတ်တော်နဲ့ လက်ရှိအစိုးရတို့ အကြား အငြင်းပွားစရာဖြစ်လာတဲ့ တာဝန်ခံမှု အပေါ် ဥပဒေပညာရှင်တွေနဲ့အမြင်နဲ့ သုံးသပ် ချက်တွေကို RFA အဖွဲ့သူ မသင်းသီရိ စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2016-02-27
ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ သူနာပြုတက္ကသိုလ်ရှေ့က ကျမ်းမာရေးဝန်ကြီး ဌာန ပိုင် မြေနေရာ ကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော် မရှင်အဖွဲ့က ပုဂ္ဂလိကဆေးရုံ နှစ်ရှည်ဌား ရမ်းဆောက်လုပ်ခွင့်ပေးလိုက်တဲ့အပေါ် ဖဲကြိုးနက် ဆရာဝန်များအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
2016-02-26
အစိုးရသစ်ထံ တာဝန်မလွဲှပြောင်းမီ နိုင်ငံပိုင်မြေ၊ စက်ရုံ၊ စီမံကိန်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းတဲဲ့အပေါ် ကိုယ်စားလှယ်တွေ ဆွေးနွေးရာ မှာ တပ်မတော်သား ကိုယ်စားလှယ်အားလုံးက မတ်တပ်ရပ်ကန့်ကွက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။
2016-02-26
နေပြည်တော်မှာ ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အဆိုနဲ့မသက်ဆိုင်တာ ဆွေးနွေးတယ်ဆိုပြီး NLD အမတ်တစ်ဦးကို လွှတ်တော်ဥက္ကဌက တားမြစ်ခဲ့ရသလို၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးကလည်း မတ်တပ်ထရပ်ပြီး ကန့်ကွက်ဆွေးနွေးခဲ့ကြပါတယ်။
2016-02-26
၁၉၁၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့မှာမွေးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ အခု ၂ဝ၁၆ ခုနှစ် ဒီနေ့ ဒီရက်မှာ အသက် ၁ဝဝ ရာပြည့်မွေးနေ့ဖြစ်ပါတယ်။
2016-02-26
ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးမယ့် လူထုအခြေပြု အရပ်ဘက်အဖွဲ့တွေကို အကာအကွယ်ပေးဖို့နဲ့ ထောက်ပံ့မှုတွေ အမြန်ဆုံးပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်း အရေးကြီးအဆိုနဲ့ ပတ်သက် ပြီး ပြည်သူ့လွှတ်တော်မှာ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ရှင်းလင်းတင်ပြခြင်းမရှိကြောင်း လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ကြေညာပြီးနောက် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။