သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-18
မွန်ပြည်နယ်မှာ အရပ်ဖက်လူ့မှုအဖွဲ့အစည်းတွေ အလုပ်ရုံဆွေးနွေးပွဲလုပ်ဖို့အတွက် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုမိန့်ယူရမယ်လို့ အမိန့်စာထုတ်ပြန်လိုက်တာနဲ့ ပတ်သက်ပြီး ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကနေ နောက်ကြောင်းပြန်သလိုဖြစ်နေတယ်ဆိုတဲ့ အမြင်တွေရှိသလို ပြည်သူတင်တဲ့ အစိုးရက အာဏာရှင်စနစ်ကို ကျင့်သုံးနေသလားဆိုတဲ့ သုံးသပ်ချက်တွေရှိနေပါတယ်။
2018-05-16
တိုင်းရင်းသားဒေသတချို့မှာ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ အမြန်ရပ်ဆိုင်းဖို့ နိုင်ငံတော်သမ္မတ အနေနဲ့ ဆွေးနွေးတောင်းဆိုသင့်တယ်ဆိုတဲ့ အမြင်တွေရှိသလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာလည်း အားနည်းတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်း ရှိနေပါတယ်။
2018-05-16
စစ်ပွဲတွေရပ်ဖို့တောင်းဆိုတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် လူငယ်အများစုအပါအဝင် တရားစွဲခံနေရ တဲ့သူ ရန်ကုန်နဲ့ မန္တလေးမှာ ၄၂ ယောက်ရှိပြီလို့ သိရပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ စနေနေ့က လှုပ်ရှားမှုကြောင့် ၁၇ ယောက်တရားစွဲခံရပြီး၊ တနင်္ဂနွေက ကဗျာရွတ်ပွဲ မှာလည်း ၄ ယောက်ထက်မနည်း တရားစွဲခံရပါတယ်။
2018-05-15
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒဖော်ထုတ် တောင်းဆိုတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့သူတွေကို ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့အပေါ် လူ့အခွင့်ရေးအဖွဲ့ရဲ့ သုံးသပ်ချက်တွေကို မသင်းသီရိ တင်ပြထားပါတယ်။
2018-05-14
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေဟာ ရှုပ်ထွေးလာနေတဲ့ သဘောမျိူးတွေရပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့အပေါ် မေးခွန်းထုတ်စရာတွေလည်း ရှိလာနေတယ်ဆိုတဲ့အမြင်နဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်၊ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ချက်တချို့ကို မသင်းသီရိ တင်ပြထားပါတယ်။
2018-05-14
မြန်မာနိုင်ငံအတွင်းက အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခလစာ တရက် ၄၈၀၀ ကျပ်ပေးဖို့ ဒီကနေ့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
2018-05-14
စစ်ပွဲတွေရပ်ဖို့ ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုကြတဲ့ လူငယ်တွေကို အကြမ်းဖက် ဖမ်းဆီးတရားစွဲ တာဟာ ဥပဒေနဲ့ရော ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းနဲ့ပါ မညီညွတ်ဘူးလို့ ရှေ့နေတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်။
2018-05-14
မြန်မာ့သစ်တောတွေကို ခုတ်ထွင်ပြီး တောထဲမှာပဲ ထုတ်လုပ်တဲ့ မီးသွေးတွေကို တရုတ်နိုင်ငံ တင်ပို့ပုံ အဆင့်ဆင့်ကို အမေရိကန်ပြည်ထောင်စုအခြေစိုက် Mongabay ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ရေဆုံးရေဖျားလိုက်စုံစမ်းဖော်ထုတ်ပါတယ်။
2018-05-11
အညာဒေသရဲ့သဘာဝဝန်းကျင်ကိုထိန်းညှိပေးသလို ဒေသခံပြည်သူူတွေရဲ့ စီးပွားရေး၊ လူမှုရေးကိုလည်း အထောက်အကူပြုတဲ့ နှစ်ရှည်ပင်ထန်းတွေကို အပင်လိုက်ခုတ်ရောင်းတာတွေ အများအပြား ရှိလာတာကြောင့် သဘာဝပတ်ဝန်းကျင် မျှခြေပျက်စီးပြီး ရာသီဥတုဖောက်ပြန်ဆိုးဝါးလာမယ့် အန္တရာယ်ရှိလာနိုင်ပါတယ်။
2018-05-11
၂ နှစ်တာပြည့်မြောက်လာခဲ့ပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး ဆောင်ရွက်ချက်တွေအပေါ် သုံးသပ်ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2018-05-10
၄၅ ကြိမ်မြောက် အစ္စလာမ်မစ် ကူးပေါင်းဆောင် ရွက်ရေး OIC အဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးက ထုတ်ပြန်လိုက်တဲ့ ဒါကာကြေညာ ချက်ထဲက လူ့အခွင့်ရေးချိူးဖောက်မှု စွပ်စွဲချက်တွေကို မြန်မာအစိုးရက လက်မခံကြောင်း တုံ့ပြန်လိုက် ပါတယ်။
2018-05-10
လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က မေလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2018-05-08
ရှမ်းပြည်နယ် သံလွင် အထက်ပိုင်း မိုင်းတုံ ရေကာတာ စီမံချက်အကောင်အထည်ဖော်ဖို့ အရင် စစ်အစိုးရလက်ထက် ၂၀၁၀ ကတည်းက တရုတ်ကုမ္ပဏီတွေနဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပါတယ်။
2018-05-07
မြန်မာတွေ အသိနည်းပေမဲ့ ကမ္ဘာလှည့်တွေ ဟာ မြန်မာ့ကမ်းရိုးတန်းက dive site ဆိုတဲ့ရေအောက်က ပန်းခြံတွေကို လာရှုစားကြပါတယ်။
2018-05-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်မှာ မြေပြို လို့ မကြာခဏ လူပေါင်းများစွာ သေဆုံးနေတာတွေ၊ နှစ်ရှည်ထိမ်းသိမ်းထားရမယ့် တန်ဖိုးကြီးတဲ့ ကျောက်တွေကို ရေတိုအတွင်း အထိန်းအကွပ်မဲ့ ထုတ်လုပ်နေတာတွေကို ဘယ်လိုထိန်းချုပ်ကိုင်တွယ် မလဲဆိုတာ မြန်မာနိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာကြီး တရပ် ဖြစ်နေပါတယ်။