သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-05
ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံပြည်သူတွေကို ကယ်ထုတ်နိုင်ရေးမှာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကြန့်ကြာအောင်လုပ်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အမြင်နဲ့ထောက်ပြချက်တွေ ရှိနေပါတယ်။
2018-05-05
‘ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့’ ကို နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးလိုက်ပြီး ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် နိုင်ငံရဲ့ အရေးပေါ်ရန်ပုံငွေထဲကနေ ကျပ်သန်း ၆,၄ဝဝ ကျော်ဖိုး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
2018-05-03
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်း လွတ်လပ်ခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
2018-05-03
ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ကို နိုင်ငံတကာက စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို အကဲဖြတ်ဖို့ရည်ရွယ်ချက်နဲ့ ကမ္ဘာတဝှမ်းမှာ ကျင်းပနေကြချိန်မှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ကတော့ မျှော်လင့်ထားတာနဲ့ ပြောင်းပြန်ဖြစ်သွားတယ်လို့ စာနယ်ဇင်းလောကသားတွေက သုံးသပ်ပြောဆိုကြပါတယ်။
2018-05-03
လွန်ခဲ့တဲ့ ၁၀ နှစ်က နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဟာ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကြေခဲ့ကာ မိသားစုလိုက် ပျောက်ဆုံးကုန်တာ၊ နေအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးခဲ့တဲ့ သမိုင်းဖြစ်ရပ်ဆိုးကြီး ရှိခဲ့ပါတယ်။
2018-05-02
ရိုဟင်ဂျာအရေးလေ့လာဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ သူတို့တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့ နေပြည်တော်မှာ ဒီနေ့ညနေ ၆ နာရီလောက်ကစပြီး သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
2018-05-02
မြန်မာနိုင်ငံမှာ အဆိုးရွားဆုံးနဲ့ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ နာဂစ်လေမုန်တိုင်းကြီး တိုက်ခတ်ခံခဲ့ရတာ ၁၀ နှစ်တင်းတင်းပြည့်လာခဲ့ပါပြီ။ မုန်တိုင်းဒဏ် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကတော့ အဲဒီတုန်းက အဖြစ်အပျက်တွေကို ခုထိခံစားနေရဆဲဖြစ်ပါတယ်။
2018-05-02
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွေရဲ့ မြန်မာနိုင်ငံခရီးစဉ်အပြီး သုံးသပ်ချက်တွေနဲ့ တိုက်တွန်းချက်တွေဟာ လက်တွေ့မကျတဲ့ အချက်တွေရှိနေတယ်ဆိုတဲ့ အမြင်တွေရှိသလို အပြုသဘောဆောင်တဲ့ ထောက်ပြချက်တွေဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။
2018-05-02
RFA ရေဒီယိုပရိသတ် ပြောချင်တာတွေ၊ သိချင်တာတွေ၊ သိသင့်တာတွေကို တိတိကျကျ တင်ပြတတ်တဲ့ သတင်းစာဆရာဟောင်း ဦးစိန်ကျော်လှိုင်ဟာ သူ့ဇာတိ တောင်သာမြို့နယ် ဝဲလောင်ရွာသစ်မှာ ကွယ်လွန်သွားပါတယ်။
2018-05-02
ဒီကနေ့ ကျရောက်တဲ့ မေဒေးလို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ မှာ မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ဘဝတိုးတက်လာဖို့ တောင်းဆိုကြပါတယ်။
2018-05-02
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများနဲ့ အရပ်သားများ ထွက်ပြေးနေကြရတဲ့အပေါ်မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက စိုးရိမ်မိတယ်လို့ ထုတ်ဖေါ်ပြောဆိုပါတယ်။
2018-05-01
နိုင်ငံတချို့မှာ အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်နိုင်၊ အမှိုက်ကို ပြန်သုံးနိုင်၊ မြေဆွေး ထုတ်လုပ်နိုင် စတာတွေဟာ အမှိုက်တွေကို စည်းကမ်းတကျ ခွဲခြားပစ်တတ်တဲ့အလေ့ရှိလို့ အောင်မြင်တာပဲ ဖြစ်ပါတယ်။
2018-05-01
ကချင်ပြည်နယ်ထဲမှာ အရှိန်မြင့်လာနေတဲ့ တိုက်ပွဲတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့က သုံးသပ်ကြပါတယ်။
2018-04-30
မြန်မာတွေအသိနည်းသေးတဲ့ dive site ဆိုတဲ့ ရေအောက်ပန်းခြံကို မှတ်တမ်းဓာတ်ပုံနဲ့ ဗွီဒီယိုရိုက်ကူးသူတဦးရဲ့ မျက်မြင်ကိုယ်တွေ့နဲ့ ငပလီကမ်းခြေကို ပြည်တွင်းခရီးသွားတွေ အရောက်များလာတာနဲ့ အမျှ အမှိုက်သရိုက် ပိုများလာတဲ့အကြောင်းတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-04-28
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မေလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပမယ့် ရခိုင်လူငယ်ညီလာခံကို ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်တွေအားလုံးကို ဖိတ်ခေါ်ဖို့ဆန္ဒရှိ ကြပေမယ့် လုံခြုံရေးပြဿနာတွေကြောင့် ကမန်နဲ့ မာရမာကြီး တိုင်းရင်းသားတွေ ညီလာခံကို ကိုယ်တိုင်တက်ရောက်လို့ မရနိုင်တဲ့အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။