သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-10
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြတဲ့ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာ မြန်မာ့အရေးကို သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကနေ အဖြေရှာဖို့ တိုက်တွန်းပြောဆိုခဲ့ကြပါတယ်။
2022-07-09
၂ဝ၁၉ နှစ်ကုန်အထိ ဆယ်နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားစစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၈ဝ၉ သန်းဖိုး ဝယ်ယူတယ်လို့ Stockholm International Peace Institute စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။
2022-07-09
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း နှစ်ခုအကြားက ဆားလင်းကြီး၊ ပုလဲနဲ့ မြိုင်မြို့နယ်တို့မှာ နယ်မြေရှင်းလင်းရေး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာ ဇူလိုင်လ ၉ ရက် ဒီနေ့အထိ တစ်ပတ်နီးပါး ကြာနေပြီဖြစ်ဖြစ်ပါတယ်။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရွာပေါင်း ၁၅ ရွာလောက်က ရွာသားတစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပြီး စားဝတ်နေရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
2022-07-08
ငါးမျဉ်းစောင်း (၅/) နဲ့ စတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ရတဲ့ စစ်ကိုင်းတိုင်းဟာ စစ်အာဏာသိမ်းမှုကို ရရာလက်နက်ဆွဲကိုင်ပုန်ကန်မှု အပြင်းထန်ဆုံးဒေသ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ စစ်ကိုင်းတိုင်းမှတ်ပုံတင် ကိုင်ထားတဲ့သူတွေဟာ မြန်မာနိုင်ငံအတွင်း သွားလာနေထိုင်မှုနဲ့ လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ချုပ်ချယ်ခံရတာတွေ၊ ခွဲခြားဆက်ဆံတာတွေ သိသိသာသာကြုံတွေ့လာရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက RFA ကို ပြောပါတယ်။
2022-07-08
စစ်အာဏာသိမ်းပြီး မြေမြှုပ်မိုင်းအပါအဝင် စစ်ကျန်လက်နက်ပစ္စည်း (UXO) ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ကလေးငယ် ၁၁၅ ဦး ရှိခဲ့တယ်လို့ UNICEF (မြန်မာ)က ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
2022-07-07
ဇူလိုင်လ ၈ ရက်နေ့ မနက်အစောမှာတော့ အင်္ဂလိပ်ခေတ်ကတည်းကရှိခဲ့တဲ့ သမိုင်းဝင် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးကို ယမ်းဘီလူးတွေနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်တယ်လို့ သိမှီလိုက်သူတွေကပြောပါတယ်။ ဒီဖြစ်ရပ်ဆိုး အနှစ် ၆ဝ ပြည့်ခဲ့ပါပြီ။
2022-07-07
ဒီကနေ့ ဆဲဗင်းဂျူလိုင် နှစ်ခြောက်ဆယ်ပြည့်နေ့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက မြို့နယ် ၁၃ ခုမှာ စစ်ကောင်စီလုံခြုံရေး တင်းကျပ်မှုတွေကြားက ပြုလုပ်ခဲ့ကြပါတယ်။
2022-07-07
ဒေသတွင်းသတင်းအရင်းအမြစ်တွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေပေါ် အခြေခံပြီး RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းတွေအရ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၁၂၀ သေဆုံးခဲ့ပါတယ်။
2022-07-06
မင်းရဲကျော်ထင်ဟာ တော်ပီဒို သင်္ဘောဖျက်လက်နက်တပ်ဆင်တဲ့ Ming အမျိုးအစား ရေငုပ်သင်္ဘောဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၉၇၄ ခုနှစ်က စတင်ထုတ်လုပ်ပါတယ်။ တရုတ်လွတ်မြောက်ရေး ကြည်း-ရေ တပ်မှာ တာဝန်ထမ်းခဲ့ပြီး ဒီဇိုင်းသစ်တွေနဲ့ ရေငုပ်သင်္ဘောသစ်တွေ ထုတ်လုပ်မှာမို့ တရုတ်က မသုံးတော့တဲ့ ရေငုပ်သင်္ဘောအမျိုးအစား ဖြစ်ပါတယ်။
2022-07-06
မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ လောင်စာဆီနဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းဖို့ စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒါဟာ လောင်စာဆီအကျပ်အတည်းအတွက် ရုရှားဆီက အကူအညီတစ်ခုခုရနိုင်ဖို့ လမ်းစရှာတာနေလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
2022-07-06
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဇူလိုင် ၅ ရက် မနေ့က နေ့လယ်ပိုင်းမှာ အိန္ဒိယနိုင်ငံသားနှစ်ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပါတယ်။ ဒီသတ်ဖြတ်မှုမှာ တရားခံဘယ်သူလဲဆိုတာ မသိရသေးပေမယ့် ပျူစောထီးအဖွဲ့၀င်တွေနေထိုင်တဲ့ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
2022-07-06
ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို အခြေခံပြီး RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ မကွေးတိုင်းမှာ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း ဒေသခံပြည်သူ ၂၄ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၈၈၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2022-07-05
ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်မြို့မှာ လက်ရှိ သူနေထိုင်လျှက်ရှိတဲ့ မြန်မာအစိုးရပိုင်နေအိမ်ကနေ ဖယ်ရှားဖို့အတွက် စစ်ကောင်စီက လန်ဒန်မှာရှိတဲ့ အကျိုးဆောင်လုပ်ငန်းတစ်ခုကို ငှားရမ်းဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
2022-07-05
အာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရက်ဆော့ခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
2022-07-05
ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လ နှစ်လအတွင်း ဒေသခံနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၁၀ ဦးနဲ့ အဖမ်းခံရသူ ၁၇ ဦးရှိတယ်လို့ ချင်းရေးရာအဖွဲ့ချုပ်ရဲ့ (Institute of Chin Affairs ) ရဲ့ စာရင်းတွေက ဖော်ပြနေပါတယ်။