သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-08-05
၁၉၆၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ပညာပဒေသာ စာစောင်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ထဲ ဝင်လာတဲ့နှုန်းတွေကို သောင်ခုတ်စက်တွေနဲ့ မပြုပြင်ရင် တချိန်မှာ ကန်ကောသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
2018-08-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ သတင်းမီဒီယာသမားတွေ သတင်းအချက်အလက် ရရှိပိုင်ခွင့်နဲ့ သတင်းရယူခွင့်ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ သတင်းမီဒီယာအများစုက မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့မှာတော့ ပိုပြီးခက်ခဲလာတယ်လို့ ပြောကြပါတယ်။
2018-08-03
စစ်တွေနဲ့ မောင်တောမြို့ပေါ်က ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်တဲ့ ဟိန္ဒူဘာသာဝင်တွေအတွက် နေအိမ်တွေကို မောင်တောမြို့နယ်ထဲက အောင်ဗလရွာ အနီးမှာ ဆောက်ပေးနေပြီလို့ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေကပြောပါတယ်။ အဲဒီအိမ်တွေကို ဟိန္ဒူဒုက္ခသည် ဘယ်လောက်များများ ပြောင်းရွှေ့နိုင်မလဲ၊ ဘယ်တော့လောက် ပြောင်းနေနိုင်မလဲ၊ ပြောင်းရွှေ့နေထိုင်ရမယ့်သူတွေရဲ့ သဘောထားက ဘယ်လိုရှိသလဲ ဆိုတာတွေကို တင်ပြထားပါတယ်။
2018-08-03
ရေကြီးရေလျှံ ဖြစ်နေတဲ့ တိုင်းနဲ့ပြည်နယ် ၅ ခုထဲက တချို့နေရာတွေမှာ ရေအနည်းငယ် ကျသွားတာတွေ ရှိပေမယ့် တချို့နေရာတွေမှာ ရေထပ်တက်နေတာကြောင့် ရေဘေးဒုက္ခသည်တွေ တိုးလာပါတယ်။ ကျိုက်မရော၊ သထုံနဲ့ ရွှေကျင်မြို့နယ်တွေမှာ ရေထပ်တက်နေတဲ့ အခြေအနေတွေကို စုစည်းတင်ပြထားပါတယ်။
2018-08-03
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာက ရွာသား လေးဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ အဆက်အသွယ် မရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ ရွာသားတွေရဲ့ နောက်ဆက်တွဲ အခြေအနေကို တင်ပြထားပါတယ်။
2018-08-02
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ပြီးခဲ့တဲ့ရက်က ထပ်မံဖွဲ့စည်းလိုက်တဲ့ လွတ်လပ်တဲ့စုံစမ်းရေးကော်မရှင်အနေနဲ့ တကယ်အစစ်အမှန် စုံစမ်းစစ်ဆေးနိုင်ဖို့ အခက်အခဲတွေရှိမှာဖြစ်ပြီး မြန်မာစစ်တပ်နဲ့လည်း ထိပ်တိုက်တွေ့နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေရှိနေပါတယ်။
2018-08-02
ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ သြဂုတ်လ ၂ ရက်နေ့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရတဲ့အမှုနဲ့ ပတ်သက်ပြီး တရားခံ အောင်ဝင်းဇော်ကို စစ်ဆေးရာမှာ ဦးကိုနီဘက်ကနေ လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ တရားခံတွေအကြား အချင်းများခဲ့ပါတယ်။
2018-08-02
နမ္မတူမြို့နယ်အတွင်းမှာ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့က ပူးပေါင်းပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ ဒေသခံတချို့ကိုလည်း အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2018-08-02
မိုးအဆက်မပြတ်ရွာပြီး သံလွင်မြစ်ရေ ဆက်လက်တက်နေတာကြောင့် ကရင်ပြည်နယ် ဘားအံမြို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ ခုဖွင့်လှစ်ထားရပါတယ်။
2018-08-02
ပြည်ပပို့သစ်တောကဏ္ဍကို ပြင်ဆင်နေချိန်မှာပဲ၊ အဖမ်းအဆီးတွေရှိနေချိန်မှာပဲ သစ်မှောင်ခို လုပ်ငန်းတွေ ဆက်လက်ရှိနေတယ်လို့ အမေရိကန်အခြေစိုက် သဘာဝပတ်ဝန်းကျင် သိပ္ပံအဖွဲ့ ပြောပါတယ်။
2018-08-01
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှု ရုပ်သိမ်းလိုက်တာကို ချေဖျက်ပြီး အမှုရုပ်သိမ်းတဲ့ နောက်ခံအကြောင်းရင်းတွေ စိစစ်ဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားလိုက်ပါတယ်။
2018-08-01
လာအိုနိုင်ငံမှာ ရေအားလျှပ်စစ်စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ ရေကာတာကျိုးပေါက်လို့ လူအသေအပျောက်ရှိပြီး လူထောင်နဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးရပါတယ်။ မြန်မာနိုင်ငံမှာ သံလွင်မြစ်ရေကာတာ စီမံကိန်းတွေရှိပြီး ဧရာဝတီမြစ်ဆုံသာမက မြစ်အထက်ပိုင်းမှာလည်း ရေကာတာစီမံကိန်းတွေရှိပါတယ်။