သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-20
အခုဆောင်းရာသီမှာ ခိုက်ခိုက်တုန်အောင်အေးနေချိန်မှာ မနှစ်က ၂၀၁၇ ခုနှစ်ဟာ အပူပြင်းဆုံးနှစ်ရယ်လို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။
2018-01-20
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာထုတ်ပြန်ခဲ့ပြီး ၂၀၁၈ ဇန်နဝါရီလမှာ စတင်ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေအတွင်း ဆွေးနွေးတော့မယ့် အဆင့်မြင့်ပညာဥပဒေ (မူကြမ်း) မှာ ပညာရေးသုတေသနလုပ်ငန်းတွေကို စီးပွားရေးစနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လက်အောက်ကို သွင်းထားတဲ့သဘော သက်ရောက်နေတာဟာ အရေးတကြီးဆွေးနွေးရမယ့် အကြောင်းအရာဖြစ်တယ်လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ရဲ့ ဦးဆောင်သူ ဒေါက်တာသိန်းလွင်က ပြောပါတယ်။
2018-01-20
မြောက်ဦးအဓိကရုဏ်းမှာ သေဆုံးမှုထိရှိခဲ့တဲ့အထိ ရဲတပ်ဖဲ့ွက ကိုင်တွယ်ဖြေရှင်းခဲ့တာဟာ လူ့အခွင့်ရေးရှုဒေါင့်ကနေကြည့်ရင် လက်ခံနိုင်စရာမရှိဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
2018-01-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ညကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းမှုဟာ မဖြစ်သင့်ကြောင်း၊ ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်းတာကို ကန့်ကွက်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
2018-01-20
ရခိုင်ပြည်နယ် မြောက်ဦးအရေးအခင်းမှာ အစိုးရထုတ်ပြန်တဲ့သတင်းနဲ့ ဒဏ်ရာရသူတွေရဲ့ပြောပြချက် ကွဲလွဲနေတာတွေ့ရပါတယ်။
2018-01-18
မြန်မာနိုင်ငံက ကြောက်ခမန်းလိလိပြုန်းသွားတဲ့ ဒီရေတောပြန်လည်ပြုစုပျိုးထောင်ဖို့ သမားရိုးကျ နည်းနဲ့ မရနိုင်တော့ဘဲ ခေတ်မီတဲ့နည်းကို သုံးရပါတယ်။ ဒီအတွက် အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုနဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် BioCarbon Engineering ဟာ ဧရာဝတီတိုင်းမှာ ဒရုန်းမောင်းသူမဲ့ လေယာဉ်နဲ့ ဒီရေတောပြုစုပျိုးထောင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-01-18
ရခိုင်ပြည်နယ် မြောက်ဦးက ပြဿနာအပေါ် အစိုးရနဲ့ ပြည်ထဲရေးရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေဟာ အမျိူးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်စေတယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တချို့က သုံးသပ်ပါတယ်။
2018-01-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံဟာ အမျိုးသား ရင်ကြားစေ့ရေး လမ်းစဉ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုတဲ့ အမြင်တွေရှိလာပါတယ်။
2018-01-17
မြန်မာနိုင်ငံဟာ စစ်တပ် လောင်းရိပ်အောက်မှာပဲ ရှိနေသေးပြီး အာရှမဟာဗျူဟာ အခင်းအကျင်း အတွက် အရေးပါတဲ့အတွက် ရခိုင်ပြည်နယ် အရေးအခင်းမှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အကာအကွယ်ပေးဖွယ်ရှိတယ်လို့ နိုင်ငံရေး သုတေသီတွေ ရှုမြင်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-01-17
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ ဥပဒေတွေ ပြဌာန်းရတာရှိသလို ခေတ်ကာလအနေအထားနဲ့ ချိန်ညှိပြီး အဲဒီ ဥပဒေတွေကို ဖျက်သိမ်းရတာ၊ ပြင်ဆင်ရတာ၊ အသစ်ရေးဆွဲရတာတွေလည်း ရှိပါတယ်။
2018-01-17
လူသေဆုံးမှုထိ ရှိခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ပြဿနာဟာ အစိုးရနဲ့အတူ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးပုံရိပ်ကို ထိခိုက်တယ်လို့ သုံးသပ်ကြပါတယ်။
2018-01-17
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မနေ့ညက ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့က လူစုခွဲဖို့အတွက် အင်အားကို အလွန်အကျွံ အသုံးပြုခဲ့တယ်ဆိုပြီးတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။
2018-01-17
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်နဲ့ အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်ကြီး ပေါလ်ဂရောင် ဦးဆောင်တဲ့ အဖွဲ့တို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့ နေပြည်တော် မှာတွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်စခန်းတွေရဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
2018-01-11
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ရွာမှာ တွေ့ရတဲ့ ရုပ်အလောင်း(၁၀) ဟာ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ အရပ်သားတချိုရဲ့ သတ်ဖြတ်မှုဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။
2018-01-11
ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ ဒီနေ့ စွဲချက်တင်လိုက်ပါတယ်။