သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-11-02
ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ စပ်လျဉ်းပြီး Sittwe ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်ကားပြသပွဲ နဲ့ ဆွေးနွေးပွဲကို အမေရိကန်အောက်လွှတ်တော် မှာ နိုဝင်္ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး က အခုလိုတင်ပြထားပါတယ်။
2017-11-01
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း မှာ နိုင်ငံသားစိစစ်ခံရမယ့်သူတွေ ကိုင်ဆောင်မယ့် သက်သေခံကဒ်ပြား NVC ကဒ်တွေထုတ်ပေးခဲ့ရာမှာ ကဒ်တွေကိုမထုတ်ယူဖို့ ဒေသခံတွေကို အကြမ်းဖက် သမားတွေက ခြိမ်းခြောက်ပြောဆိုတာတွေ ရှိနေပါတယ်။
2017-11-01
မြန်မာနိုင်ငံမှာ အာဏာရအသိုင်းအဝိုင်း၊ ခရိုနီအသိုင်းအဝိုင်းတွေနဲ့ မပတ်သက်ဘဲ အသေးစားစီးပွားရေး လုပ်ငန်းလုပ်နေတဲ့သူတွေအတွက် မလိုလားအပ်တဲ့ အခက်အခဲတွေ ကြုံနေရဆဲဖြစ်တာကြောင့် မြန်မာ့စီးပွားရေး ဦးမော့နိုင်မှာ မဟုတ်သေးဘူး ဆိုတဲ့အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2017-10-31
ရန်ကုန်မှာလုပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ နိုင်ငံ့ သားကောင်းများ ထောက်ခံပွဲဟာ အကြမ်းဖက်တဲ့ နည်းနဲ့ ဖြေရှင်းတဲ့လုပ်ရပ်အပေါ် အားပေးရာ ရောက်တဲ့ ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတချို့မှာ ဝေဖန်ရေးသားကြပါတယ်။
2017-10-31
ရခိုင်ပြည်နယ်အရေးအပါအဝင် လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းက ပါတီဌာနချုပ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-10-31
၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။
2017-10-30
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက်အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-10-30
၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလထဲ ရောက်လာပါမယ်။
2017-10-28
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်ပညာရေးမှူးနဲ့ ဒုတိယပညာရေးမှူး နှစ်ဦးကို ငွေအလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး အရေးယူထားတဲ့အပေါ် မကျေနပ်တဲ့ ငါန်းဇွန်မြို့နယ် ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ ကျောင်းသား မိဘတွေက ဒီနေ့ ဆန္ဒပြကြတာဖြစ်ပါတယ်။
2017-10-27
သာမန်အရပ်သား တစ်ဦးဆီကနေ တရားမဝင် လက်နက်တွေ အများအပြားဖမ်းမိတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းချက်ကို ပြနေတာဖြစ်ပြီး ပြည်သူလူထုရဲ့ ဘဝတွေလည်း မလုံခြုံသလို ဖြစ်နေရတယ်ဆိုတဲ့ ထောက်ပြချက် တွေရှိနေပါတယ်။
2017-10-27
ဆိုရှယ်မီဒီယာတွေမှာ သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ ပုဂ္ဂလိကအချက်အလက်တွေကို ကျင့်ဝတ်ဖောက်ဖျက်ပြီး ဖြန့်ဝေတဲ့အတွက် ဆိုးကျိုးဖြစ်လာတာတွေကို ထိန်းချုပ်နိုင်ရေးနဲ့ပတ်သက်ပြီး မခက်မာ ဆက်လက်တင်ပြပါမယ်။
2017-10-27
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်နေ့က ပုပ္ပားတောင်ကလပ် အနောက်ဘက်ရှိ ကုန်းမြေတခုမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပုပ္ပါး တောင်ကလပ်ကို သွားတဲ့လမ်းမှာ တပေခန့် နိမ့်ဆင်းသွားခဲ့ပါတယ်။
2017-10-25
သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေး အပါအဝင် အချက် ၁၀ ချက်ကို မနေ့က ကျင်းပတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဝန်ကြီးအဆင့် အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
2017-10-25
ထိုင်းမြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်း ၅ခုနဲ့ ဒုက္ခသည်စခန်း ၁ ခုကို နိုင်ငံတကာ INGO တွေရဲ့ အကူအညီတွေ ရပ်ဆိုင်းလိုက်ပြီးဖြစ်တဲ့အတွက် နောက်တပတ်လောက်ဆို ရိက္ခာပြတ်သွားမှာဖြစ်ပြီး ဘယ်လိုရှေ့ဆက်ရပ်တည်ရမယ်ဆိုတာ စဉ်းစားလို့မရဘူးလို့ ရှမ်းပြည်နယ် စစ်ပြေးဒုက္ခသည် ကော်မီတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလင်းက ပြောပါတယ်။
2017-10-25
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း စစ်တပ်ရဲ့ဆောင်ရွက်ပုံ အပြုအမူတွေနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်သွားဖို့ အမေရိကန်အစိုးရက မနေ့က ၂၃ ၇က်နေ့က ဆုံးဖြတ်လိုက်ပါတယ်