သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-22
ရခိုင်ပြည်နယ်က ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ အများအပြား သတ်ဖြတ်ခံရမှု၊ အင်ဒိုနီးရှား လူဝင်မှု အကျဉ်းစခန်းမှာ မြန်မာတွေ အသတ်ခံရမှု၊ မလေးရှားရောက် မြန်မာတွေ လုပ်ကြံခံရမှု၊ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှု၊ အင်ဒိုနီးရှားနဲ့ ဆီးရီးယားနိုင်ငံတို့က အစ္စလာမ် အစွန်းရောက် တွေက မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေး စစ်ဆင်နွှဲဖို့ ကြိမ်းဝါးမှု၊ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာကို ဗုံးခွဲတိုက်ခိုက်မှု၊ အခုနောက်ဆုံး မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူရဲ့တရားပွဲ ဖောက်ခွဲခံရမှု စတဲ့ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေဟာ နိုင်ငံတကာမှာရှိတဲ့ မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာပြီဆိုတာ မီးမောင်းထိုးပြနေပြီလို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။
2013-07-19
အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးထဲမှာ သယ်ယူပို့ဆောင်ရေးဌာန အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးအုန်းမောင်ရဲ့ဇနီးသည် လက်ရှိအသက် ၉ဝ အရွယ် ဒေါ်သိန်းကြွယ်ဟာ ရန်ကုန်မြို့မှာ ကျန်းကျန်းမာမာနေထိုင်လျက်ရှိပြီး အခုနှစ်ကျရောက်တဲ့ ၆၆ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည်ဂူဗိမာန်ကို သွားရောက်ဂါရဝပြုနိုင်ခဲ့ပါတယ်။
2013-07-06
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဦးနေဝင်းအစိုးရရဲ့ စစ်တပ်ကပစ်လို့ ကျောင်းသားတွေသေဆုံးပြီး နောက်တစ်နေ့မနက်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ရ ရက်အရေးအခင်း ၅၁ နှစ်ပြည့်အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင် မြို့တချို့မှာကျင်းပဖို့ ကျောင်းသားတွေစီစဉ်နေပါတယ်။
2013-07-06
စစ်တပ်ကပစ်လို့ ကျောင်းသား တွေသေဆုံးပြီး နောက်တနေ့ မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ရ ရက် အရေးအခင်း ၅၁ နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင် မြို့တချို့မှာ ကျင်းပဖို့ ကျောင်းသားတွေ စီစဉ်နေပါတယ်။