သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-31
သြဂုတ်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်တွေမှာ ခရီးသည်တင်ယာဉ်၊ ကုန်သည်တင်ယာဉ် အပါအဝင် မော်တော်ယာဉ် ခြောက်စီးနဲ့ ဆိုင်ကယ်တစ်စီး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
2019-08-31
မြန်မာနိုင်ငံမှာ သစ်တွေ အလုံးလိုက် ခုတ်လှဲရောင်းချခွင့် ပိတ်ပင်ခဲ့ပေမယ့် မြန်မာ့သစ်တွေ တရုတ်ပြည်ကို တရားမဝင်ဆက်လက်ဝင်ရောက်နေဆဲပဲလို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းမှုအဖွဲ့က ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
2019-08-30
မြေယာနဲ့ သဘာဝအရင်းအမြစ် ပိုင်ဆိုင်မှုတွေကို ဗဟိုအစိုးရက မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကိုသာ ပိုင်ဆိုင်ခွင့်ရှိဖို့ တိုက်တွန်းတဲ့အကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပထမအကြိမ် သဘာဝအရင်းမြစ်နဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲကနေ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-08-28
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်ဘက်နဲ့တစ်ဘက်ကြား ယုံကြည်မှု အားနည်းလာသလို နိုင်ငံရေးနဲ့ဆွေးနွေးဖို့ အခင်းအကျင်းတွေလည်း ဖြစ်မလာတဲ့အတွက် ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတာလို့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေက သုံးသပ်ကြပါတယ်။
2019-08-27
ပြီးခဲ့တဲ့သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နယ်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး ရှမ်းလူငယ်ပရဟိတကျောင်းက ကျောင်းဆရာ ညီအကိုနှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။
2019-08-27
ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုမှာ သတ္တုတူးဖော်မှာကို ဒေသခံတွေကန့်ကွက်တဲ့အတွက် သက်ဆိုင်ရာက ကွင်းဆင်းမစစ်ဆေးခင် ဆန္ဒပြရုံမက ကုမ္ပဏီပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ ဒေသခံသုံးဦးဖမ်းဆီး အရေးယူခံခဲ့ရပါတယ်။
2019-08-27
တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှမ်း က ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ AA၊ TNLA၊ MNDAA တိုင်းရင်းသား မဟာမိတ် သုံးဖွဲ့ကို တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ ဖိအားပေးပြောဆိုခဲ့ကြောင်း မဟာမိတ်အဖွဲ့တွေက အတည်ပြု ပြောပါတယ်။
2019-08-26
တပ်မတော်က စစ်ဆင်ရေးကဏ္ဍတွေမှာ ပုံမှန်အတိုင်း မလှုပ်ရှားတော့ဘဲ အရပ်သား၊ ပြည်သူ့စစ် ပုံစံဟန်ဆောင်တာ၊ အရပ်ဖက်ခရီးသွားကားတွေနဲ့ သွားလာတာအပြင် လက်နက်ခဲယမ်းတွေကို သယ်ဆောင်တာ၊ ပရဟိတနဲ့ လူမှုကူညီရေးကားတွေကို အသုံးပြုသွားလာနေတယ်လို့ မဟာမိတ် သုံးဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2019-08-24
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ငွေကြေးလိမ်လည်မှု ကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၆၉ ဦးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
2019-08-23
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ အုပ်ချုပ်နေတဲ့ကာလဖြစ်တဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှု တွေနဲ့ ပတ်သက်ရင် နိုင်ငံတကာက ဝင်ပါစရာမလိုဘူးလို့ ထင်မြင်နေကြတဲ့အတွက် အခြေအနေမှန် ကို သိအောင်လုပ်ဖို့လိုတယ်လို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ ICA အဖွဲ့က ပြောလိုက်ပါတယ်။
2019-08-23
မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်သင့်လဲဆိုတဲ့အကြောင်း ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျာမဏီ၊ ပီရူးနဲ့ ကူဝိတ်နိုင်ငံတို့ ကမကထပြုလုပ်ပြီး အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေက မြန်မာ့ အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ NGO တွေနဲ့အတူ နယူးယောက်က ကုလသမဂ္ဂရုံးချုပ်မှာ မနေ့ နေ့လယ်က ဆွေးနွေးကြပါတယ်။
2019-08-22
ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။
2019-08-22
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းအပါအဝင် သုံးဦးကို တရားရုံးအဝင်အထွက်တွေမှာ ကြွေးကြော်တာတွေ မလုပ်ဖို့ တရားလိုဖြစ်သူ ရဲမှူးချုပ် မောင်မောင် က တားမြစ်တယ်လို့ သိရပါတယ်။
2019-08-22
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ ညီနောင်မဟာမိတ် တပ်ဖွဲ့ဝင်တွေ မနေ့ညက တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။
2019-08-22
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအစီအစဉ် ဒီနေ့ စတင်ဖို့ မြန်မာအစိုးရက စီစဉ်ထားပေမယ့် ဒီညနေအထိ တစ်ယောက် မှပြန်လာတာမရှိပါဘူး။