ပညာရေးစနစ်ကို အစကနေစပြီး ပြုပြင်ဖို့လို
2015.02.09
လတ်တလောဖြစ်ပွားနေတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ခရီးရှည်ချီတက် ပွဲတွေရဲ့ အရင်းခံကိစ္စ ဟာ မြန်မာ့ ပညာရေးအဆင့်နိမ့်ကျနေလို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘယ်သူဘယ်ဝါ့ကြောင့်လို့ ပြောနေမယ့် အစားစနစ်ကို အစက စပြီး ပြုပြင်ဖို့လိုတယ်လို့ သုံးသပ်သူတွေရှိပါတယ်။
ဒီအကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ကြတဲ့ ပညာရေးဒီမိုကရေစီလှုပ်ရှားမှု စစ်ကြောင်းတွေဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားက အရှိန်မပြတ် ဆက်လက်လှုပ်ရှားနေပါတယ်၊ ဒါပေမယ့် ဒီသပိတ်စစ်ကြောင်းတွေ သွားရာ လမ်းတလျှောက် မြိုကတွေရွာတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြပါတယ်။
ဘာကြောင့်ပါလဲ ရန်ကုန်တက္ကသိုလ်မြန်မာဌါနမှာ တာဝန်ထမ်းခဲ့တဲ့ ဆရာဦးဝင်းမောင် ရှုမြင်တာက
ဆရာဦးဝင်းမောင်။ ။ဘာဖြစ်လို့လဲဆိုတော့ ခံစားချက်တွေပေါ့ဗျာ၊ ကလေးတွေတောင်းဆိုတာ တရာမျှတပါမှန်းလည်း သိတဲ့အခါကျတော် ကလေးတွေဘက်က အားပေးကြတာပေါ့၊ ဒီကလေးတွေဟာ အစိုးရကို တောင်းဆိုတယ်၊ ရက်ပေါင် ၆ဝ လည်းသူတို့ အချိန်ပေးထားတယ်လေ၊ ဒါကို အစိုးရက လုံးဝကို မလောက်လေးမလောက်စားလေးတွေပဲဆိုတဲ့ သဘောထားလား မသိပါဘူးဗျာ၊ လုံးဝလစ်လျှူရှုထားတဲ့အခါကျတော့ ရက် ၆ဝ ပြည့်လို့ ကလေးတွေက စဆန္ဒပြတဲ့အခါတော့မှ သမ္မတကနေပဲ တုန့်ပြန်ဘာညာဖြစ်လာတယ်လေ၊ လမ်းတလျှောက်မှာလည်း ကလေးတွေက ဘာတစ်ခုမှသူတို့ ဆူပူလှုပ်ရှားတာလည်းမရှိဘူး၊ တကယ်ဆူပူလှုရှား အကြမ်းဖက်ချင်ရင် မန္တလေးမှာတည်းက သူတို့လုပ်လို့ရပါတယ်၊ မန္တလေးက နေရာတိုင်းမှာလည်း ဆူပူလှုပ်ရှားမှု မရှိဘူး၊ ပြည်သူတွေကလည်း သောင်းသောင်းဖျဖျကြိုဆိုတယ်၊ ဆူပူလှုပ်ရှားတာ ဘာတစ်ခုမှမရှိဘူး။
ပြည်ထဲရေးဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ မြန်မာ့သတင်းစဉ် မေးမြန်းခန်းမှာ ဒီကျောင်းသားလှုပ်ရှားမှု နောက်ကွယ်ကဆောင်ရွက်နေသူတွေ ရှိတယ်လို့ပြောပါတယ်၊ ဒါကို ဦးဝင်းမောင် သုံးသပ်တာကတော့
ဆရာဦးဝင်းမောင်။ ။ခေတ်အဆက်ဆက်ကပေါ့လေ တိုင်းပြည်ကိုမကျေနပ်လို့ ပုန်ကန်ခဲ့တဲ့လူတွေပေါ့၊ သူတို့ တွေကနေပြီးတော့မှ သူတို့သားသမီးတွေကို ပြန်ပြီးတော့မြှောက်ပေးတယ်၊ ဒါကတော့ ကျနော်သာ နဂိုက တည်းက ဗကသ ကျောင်းသားအဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ရင် ကျနော်သားသမီးတွေကိုလည်း ကျနော်ကအဲ့အ တိုင်း မြေတောင်မြှောက်ပေးနေမှာပဲလေ၊ မတရားတဲ့တာတွေကို ဖီဆန်ရမယ်၊ လောကကြီးမှာ မကောင်းတဲ့အရာ မှန်သမျှ ဆန့်ကျင်ရမယ်၊ ဒီအတိုင်းပဲ သင်ပေးမှာပဲ၊ သူတို့ပဲရှင်းလင်းချက်ထဲမှာ အဲ့ဒါတွေပါတယ်၊ နောက်ကနေပြီး ဒီလူတွေမြှောက်ပေးနေတယ် ဆိုပြီးတော့လေ၊ ဒါကြိုးကိုင်တာမှ မဟုတ်တာပဲ။
ဧရာဝတီတိုင်း ပညာရေးဒီမိုကရေစီစစ်ကြောင်း ဝန်းရံကော်မတီဝင် ကိုဇော်ရန်းက အရင်ကလည်း ဒီလိုပြောခဲ့ တာတွေရှိတာကို ထောက်ပြပါတယ်။
ကိုဇော်ရန်း။ ။ခေတ်အဆက်ဆက်မှာနော် ဟိုးတုန်းကဆိုလို့ရှိရင် ဒါ ဗကပလို့ပြောတယ်၊ နောက်တစ်ခါ ဗကပ ပြောလို့မရတဲ့အခါကျတော့ တစ်ခါအနောက်နိုင်ငံတွေလို့ပြောတယ်၊ NLD လည်း ပေါ်လာတဲ့အခါကျတော့ NLD က ဒါလုပ်တယ်လို့ပြောတယ်လေ၊ အခုတစ်ခါကျတော့ သူဘာပြောလဲဆိုတော့ နိုင်ငံရေးသမားဟောင်းတွေနဲ့ အပြင်ကမြှောက်ပေးတဲ့သူတွေလို့ ပြောပြီးတော့ ကိုယ့်ပထမ ၄ ယောက်ကို မစပ်စွဲတော့ပြန်ဘူး၊ ပြဿနာကို ဒဲ့တကယ့် ကာယကံရှင်တွေနဲ့ မရှင်းပဲနဲ့ ခေါက်ရိုးကျိုးပြီးတော့ အမိန့်ပေးပြီးတော့ပြောနေတာလို့ပဲ လူတွေကလည်းပဲ ယူဆ တယ်၊ ကျောင်းသားတွေထွက်ပြီဆို မိဘတွေကပါမှာပဲလေ၊ သူတို့ သားသမီးတွေကိုး။
ဝန်းရံကော်မတီဝင်တွေဆိုတာကလည်း
ဝန်းရံကော်မတီဝင်။ ။ဒီဝန်းရံတာဟာ အဖေ၊ အမေတွေပဲလေ၊ သတင်းထောက်ကမေးတယ် ဒီဝန်းရံကော်မတီက လိုလို့လားလို့မေးတယ်၊ ကလေးတွေကပြောတယ် ဝန်းရံကော်မတီမရှိရင် ကျနော်တို့က ဘယ်လိုလုပ်ခရီးဆက်မလဲပေါ့၊ ဘယ်လိုလုပ်ချက်စားမလဲ၊ သွားရေးလာရေးရှိတယ်၊ ဆေးဝါးကုသရေးရှိတယ်၊ ကလေးတွေကလည်း အဲ့ဒါတွေပြောပြတယ်၊ ဝန်းရံဆိုတာက ပညာရေး ပြုပြင်ပြောင်လဲရေးဖို့အတွက် မိဘတွေနဲ့ ကျနော်တို့အားလုံးက ဝန်းရံပဲ၊ လိုအပ်လို့ ဝန်းရံတာ ကျနော်က သူပုန်အားပေးပြီးတော့ သူပုန်အတွက် လက်နက် ရိက္ခာတွေ ထမ်းပိုးပြီးတော့ လောင်ချာတွေ ထမ်းပိုးနေတာမဟုတ်ဘူး၊ အခုကျတော့ အစွန်းရောက်တဲ့လူတွေပြော တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေနဲ့ ညှိနှိုင်းရမယ့်ကိစ္စကို ကလေးတွေနဲ့ မညှိနှိုင်းပဲနဲ့ ဝန်းရံအားပေးတဲ့ လူတွေ ပြည်သူတွေပဲလေ၊ ပြည်သူတွေက သူတို့သားသမီးတွေပါလာတယ်၊ သူတို့ညီငယ်တွေ ညီမငယ်တွေ ပါလာတယ်၊ လုပ်သားပြည်သူတွေက အားပေးတာ။
ဒီလိုအခြေအနေတွေ ဖြစ်နေရတဲ့အရင်းခံ ပြဿနာကတော့ ပညာရေးစနစ်ကြောင့်ဖြစ်တာမို့ မြန်မာစာဆရာ ဦးဝင်းမောင်က
ဦးဝင်းမောင်။ ။နည်းစနစ်တစ်ခုလုံး ပြုပြင်မှရမှာပါ၊ ပညာရေးဆိုင်ရာမှာ လုပ်နိုင်စွမ်းရှိတဲ့သူတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးဖို့လိုမှာပါ၊ ဥပမာ အခုဆိုရင်လည်း ပညာရေးနဲ့ပတ်သက်ပြီး တကယ်စိတ်ဆန္ဒ လည်း ပြင်းပြတယ်၊ တကယ်ပဲအဲ့ဒီအတွက် သုံးသပ်လေ့လာတဲ့ သူတွေကျတော့ ပညာရေးမှာ တကယ် ထဲထဲ ဝင်ဝင်ပဲဖြစ်နေရမယ်၊ ဥပမာ ဒေါက်တာ မောင်သိန်းလွင် ဆိုတဲ့လူမျိုးဟာ ပညာရေးနဲ့ပတ်သက် ပြီးတော့ တောက်လျောက်လေ့လာနေတယ်၊ လက်ရှိလည်း သူပါမောက္ခချုပ်လေ၊ တကယ့်တကယ် အစိုးရအဖွဲ့ အစည်းက ပညာရေးအကြံပေးတို့မှာ လုံးဝပါလို့မရဘူး၊ အဲ့လိုမျိုး တိုင်းပြည်မှာ တကယ်စေတနာလည်းရှိပြီးတော့ တကယ်နားလည်တဲ့လူတွေ အများကြီးရှိပါတယ်၊ အဲ့လိုလူတွေကျတော့ ဘာမှလုပ်ခွင့်မရကြဘူး၊ အဲ့ဒီတော့ တကယ်မှန်ကန်တဲ့ပညာရေးစနစ် ရှိဖို့လိုတယ်ဆိုတာ လုံဝယုံကြည်ပါတယ်၊ အခုဟာ ကျနော်တို့ဟာဟန်ပြ အကုန်လုံက နေရာမတ်တပ်ပဲ။
မြန်မာ့ပညာရေးစနစ်ဟာ တိုးတက်တဲ့ အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ဖို့နေနေသာသာ အိမ်နီးချင်းနိုင်ငံတွေထက် နိမ့်ကျနေတယ်လို့လည်း လေ့လာသူတွေက ပြောကြပါတယ်ရှင်။