သံချပ်တွေက ခေတ်ကိုမီးမောင်းထိုးပြနေတဲ့အကြောင်း တင်ပြချက်
2015.04.17
သံချပ်တွေက ခေတ်ကိုမီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် သြင်္ကန်ပွဲတော်မတိုင်ခင်မှာ ကမ္ဘာသိဖြစ်သွားတဲ့ ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေး တောင်းဆိုမှုနဲ့ သပိတ်အကြမ်းဖက်ဖြိုခွဲခံရတဲ့ကိစ္စ၊ ဖယ်ဒရယ်ပြည်ထောင်စုကိစ္စ၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ ဆင်းရဲမွဲတေမှုကိစ္စတွေကို ရန်ကုန်မြို့မှာလှည့်လည်ဖျော်ဖြေခဲ့တဲ့ အပြာရဲ့အနီအဖွဲ့က သံချပ်တွေနဲ့ ဟစ်ကြွေးတင်ပြခဲ့တာတွေ့ရပါတယ်။
သူတို့သံချပ်အဖွဲ့နဲ့အတူ Generation Wave မျိုးဆက်သစ်လူငယ်အဖွဲ့ကလည်း ပူးပေါင်းပါဝင်ဖျော်ဖြေခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။