တတိယအကြိမ်မြောက် အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနား
2015.05.31
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ချီးမြှင့်တဲ့ အမျိုးသားသတင်း ဆုပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က မြရိပ်ညိုဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပြီး သတင်း၊ ဓါတ်ပုံ၊ ရုပ်သံနဲ့ ကာတွန်းဆုတွေ ပေးအပ်ခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို လက်ရှိပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးအောင်ကြည် ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။