အမေရိကန် ဆန္ဒပြပွဲတွေအပေါ် မြန်မာနဲ့ နှိုင်းယှဥ်သုံးသပ်ချက်
2020.06.07
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဂျော့ဖလွိုက် ဆိုတဲ့ လူမည်း အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးတဲ့ဖြစ်ရပ်နဲ့ အမေရိကန်မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေအကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပြီး၊ မြန်မာနိုင်ငံက အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နှိုင်းယှဉ်သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
ဒီ အမေရိကန်လူမည်းအမျိုးသား သေဆုံးတဲ့ဖြစ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်ပေမယ့် အစိုးရကိုယ်တိုင်က မူဝါဒချမှတ်ပြီး ကျူးလွန်တဲ့ ချိုးဖောက်မှုမျိူး ဟုတ်၊ မဟုတ် ဆန်းစစ်သင့်တယ်လို့ လူ့အခွင့်အရေးပညာရှင် တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ပြောပြပါမယ်။