ပြည်ခိုင်ဖြိုးပါတီထဲ ရွာလုံးကျွတ်ဝင်ရောက်မှုတွေရှိနေကြောင်း ပြောဆိုမှုအပေါ် အမြင်
2017.11.07
လက်ရှိ NLD အစိုးရရဲ့ဆောင်ရွက်ချက်တွေကို အားမရတဲ့အတွက် ပြည်ထောင်စုကြံံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခုနောက်ပိုင်းမှာ ရွာလုံးကျွတ်ဝင်လာကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။ နိုင်ငံရေးအတွေ့အကြုံတွေ ရှိလာတဲ့အတွက် ပြည်သူလူထုအများစုကတော့ မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း NLD ပါတီဝင်တွေကလည်း ပြောပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။