စစ်ဘေးဒုက္ခသည်တွေ အိမ်ပြန်ရဖို့ အလှမ်းဝေးနေဆဲ
2017.08.30
မြန်မာနိုင်ငံမှာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့တွေအကြား နှစ်ပေါင်း ၇၀ ဝန်းကျင် ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ကချင်၊ ရှမ်း၊ ကရင်နဲ့ ရခိုင် ဒေသတွေမှာ သိန်းနှင့်ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ကိုယ့်အိမ် ကိုယ့်ယာပြန်ရဖို့အရေး အလှမ်းဝေးနေဆဲဖြစ်ပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး စစ်ဖြစ်ပွားရာပြည်နယ်ကဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေရဲ့ သုံးသပ်ချက်တွေကို မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။