စားဝတ်နေရေး ပြေလည်ခြင်းက ငြိမ်းချမ်းရေးကို ဦးတည်နိုင်
2017.11.08
မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာ တိုးပေးဖို့ ဆောင်ရွက်တဲ့အခါ လူတစ်ယောက် အခြေခံလိုအပ်တဲ့ စား၊ဝတ်နေရေးပေါ်မှာတွက်ပြီး မူတည်ဆုံးဖြတ်သင့်သလို၊ ဥပဒေကိုလဲမျှတစေချင်တယ်လို့ ပြောဆိုကြပါတယ်။
တဘက်မှာလဲ အလုပ်သမားတွေဟာ ရနေတဲ့လစာနဲ့လောက်အောင် စားသောက်နေထိုင်ရတဲ့အခါ လူတန်းစေ့မနေနိုင်သလို၊ အဟာရမပြည့်ပဲ စားသောက်နေရတဲ့ အခြေအနေလဲဖြစ်နေတဲ့အတွက် ဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားရေးပြဿနာတရပ်အသွင် ဆောင်လာနေပါတယ်။ ဒါ့အပြင် စားဝတ်နေရေး ပြေလည်လာတာနဲ့အမျှ အပူနဲ့ဒေါသတွေကင်းလာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်သစ်တစ်ခုကို ရောက်လာနိုင်မယ်လို့ ထောက်ပြကြပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။