ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်


2015.01.07

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Ms. Yanghee Lee ဟာ မနေ့ညက ရန်ကုန် အပြည်အပြည်ဆိုင်ရာလေဆိပ် ကို ရောက် ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ ၁၀ ရက်ကြာ နေထိုင်သွားမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အမျိုးသမီးအရေး၊ နိုင်ငံရေးအကျဉ်းသားအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှား သူတွေရဲ့သဘော ထားတွေကို RFA သတင်းထောက် မဝေမာထွန်း ကစုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ပြီးခဲ့တဲ့နှစ်ဇူလိုင်လ အတွင်း ကမြန်မာနိုင်ငံကို ပထမအကြိမ်ရောက်ရှိခဲ့ ဖူးတာကြောင့် အခုတစ်ကြိမ်ဟာသူမရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်ပဲဖြစ်ပါတယ်။

အခုခရီးစဉ်အတွင်းမှာ အစိုးရနဲ့ကေအိုင်အေတို့ကြားတိုက်ပွဲတွေဖြစ်ပွားရာ ကချင်ပြည်နယ်နဲ့ရှမ်းပြည် မြောက်ပိုင်း ကဒုက္ခသည်စခန်းတွေကိုသွားရောက်မှာဖြစ် သလို ရခိုင်ပြည်နယ်ကိုလည်းသွားရောက်မှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အင်းစိန်အကျဉ်းထောင်ကိုသွားရောက်လေ့လာခဲ့သလို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်း ကဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ပဋိပက္ခ မှာပါဝင်ခဲ့တဲ့ဒေသ ခံတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံခဲ့ပါ တယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီလာရောက်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေရှိလာနိုင်တဲ့အပြင်အကျဉ်း ကျခံဆဲနိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေတွေ အကောင်းဘက် ပြောင်းလဲ လာနိုင်မယ်လို့ မျှော်လင့် ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးမြင့်အောင် က ပြောပါတယ်။

ဦးမြင့်အောင်

မစ္စယန်ဟီးလီဟာ မနက်ဖြန်မှာ အမျိုးသမီးရေးလှုပ်ရှားသူတွေနဲ့ရန်ကုန်မြို့မှာ တွေ့ဆုံသွားဖို့ရှိပါတယ်။ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီး မစ္စရန်ဟီးလီ နဲ့ တွေ့ဆုံဖို့ရှိတဲ့ Triangle Women အဖွဲ့က မခင်လေးက အမျိုးသမီးအဖွဲ့တွေအနေနဲ့ မျိုးစောင့်ဥပဒေနဲ့ပတ်သက် လို့တင်ပြဆွေးနွေးမယ့် အနေအထား ရှိတယ်လို့ ပြောပါတယ်။

မခင်လေး

မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် မစ္စရန်ဟီးလီ ရှေ့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တာနား လက်ထက်ကတည်းက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ခရီးစဉ်တွေမှာ အမျိုးသမီးရေး လှုပ်ရှားသူ တွေနဲ့တွေ့ဆုံမှုတွေရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ အမျိုးသမီးအခွင့်အရေးနဲ့ပတ်သတ်လို့ သိသိ သာသာ ပြောင်းလဲလာတာမရှိဘူး အမျိုးသမီးရေးလှုပ်ရှားသူတွေက သုံးသပ်တာတွေလည်းရှိနေပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေက တင်ပြခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ဘက် က မြန်မာအစိုးရနဲ့တွေ့ဆုံတဲ့အခါ ပြောင်းလဲပေးဖို့တိုက်တွန်းပေးစေ လိုတယ်လို့အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်မေစပယ်ဖြူ ကပြောပါတယ်။

ဒေါ်မေစပယ်ဖြူ

ရခိုင်ပြည်နယ်ခရီးစဉ်မှာတော့ ဝန်ကြီးချုပ်ဦးမောင်မောင်အုန်း နဲ့နှစ်ဖက်ဒေသခံတွေနဲ့တွေ့ဆုံသွားမယ်လို့ ကုလသမဂ္ဂကသတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်အခြေစိုက် ဒီမိုကရေစီနဲ့လူ့အခွင့်ရေးပါတီက ပြန်ကြားရေးတာဝန်ခံ ဦးမျိုးသန့်က မစ္စယန်ဟီးလီ နဲ့ရခိုင်ပြည်နယ်ခရီးစဉ်မှာတွေ့ဆုံခွင့်ရလိုပြီး ရခိုင်ပြည်နယ်ကမွတ်စလင်တွေအရေးကို တင်ပြလို တယ်လို့ ပြောပါတယ်။

ဦးမျိုးသန့်

မနှစ်က မြန်မာပြည်လာရောက်လေ့လာခဲ့တဲ့ခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း တွေမှာအမျိုးသမီးတွေနဲ့ကလေးသူငယ်တွေဟာဘဝကိုနေ့စဉ် ခက်ခက်ခဲခဲရင်ဆိုင်နေတာတွေ့ခဲ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကပြောကြားခဲ့ဖူးပါတယ်။

မစ္စယန်ဟီးလီအနေနဲ့ အခုတစ်ခေါက်ခရီးစဉ်မှာတွေ့ခဲ့ရတဲ့မြန်မာနိုင်ငံအတွင်းက လူအခွင့်အရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ အပေါ်ဘယ်လိုရှုမြင်သလဲ ဆိုတာကို မြန်မာပြည်ကပြန်လည်မထွက်ခွါခင် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။