လွှတ်တော်က YBS ဆွေးနွေးပွဲ မတက်ဖို့ ဝန်ကြီးချုပ် ခွင့်ယူလိုက် တဲ့ ဂယက်
2017.04.24
YBS ဘတ်စ်ကားစနစ်သစ်နဲ့ပတ်သက်လို့ အဆင်မပြေမှုတွေ၊ မေးခွန်းထုတ်စရာ ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ အမတ် ၂၆ ယောက် တင်ပြဆွေးနွေးပွဲကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်ရောက်ပဲ ခွင့်ယူလိုက်တဲ့လုပ်ရပ်အပေါ် လေ့လာသူတွေအကြား ဝေ ဖန်ပြစ်တင်မှုတွေ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်သွားခဲ့ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။