သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-29
လာမယ့် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျင်းပ မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲကို သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏမြို့ဦးစေတီကွင်း မှာ ပြောင်းရွှေ့ကျင်းပမယ်လို့ သိရပါတယ်။
2015-10-29
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၈ဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့တဲ့ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ်မှာ လက်မှတ်မထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ ပြည်သူလူထုကပါ သံသယနဲ့ စောင့်ကြည့်နေ တာကြောင့် အောင်မြင်သည်အထိ နှစ်ဘက်စလုံးက သက်သေပြဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးက ဗိုလ်ချုပ်စောအိုင်းဇက်က ပြောပါတယ်။
2015-10-29
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေး ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ဟာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး အနီးမှာ ဒီနေ့ ဖမ်းဆီးခံလိုက်ရပါတယ်။
2015-10-29
နိုင်ငံရေးအကျဉ်းသားတွေ ကျောင်းသား ကျောင်း သူတွေနဲ့ ဝန်းရံသူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရေးအတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆိုပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မ ရှင်က နိုင်ငံတော်သမ္မတဆီကို မေတ္တာရပ်ခံစာ ပေး ပို့တောင်းဆိုထားပါတယ်။
2015-10-29
အစိုးရတပ်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ မနေ့က ညနေပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှုးမြို့နယ်စပ်က ဝမ်လွေဒေသမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မိုင်းနောင်မြို့နယ်ထဲက ရိန်းကောင်ရွာမှာတော့ အစိုးရတပ်ကပစ်တဲ့ လက်နက်ကြီးကျတာကြောင့် အိမ်သုံးလုံးပျက်စီးသွားတယ်လို့ SSPP/SSA က ပြောပါတယ်။
2015-10-29
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်မှာ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ မဲပေးခွင့်ရှိသူစာရင်းမှာ ၅ ထောင်ကျော် ပိုနေတယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
2015-10-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့် ဥပဒေ ၄ ရပ် ထောက်ခံကြိုဆိုပွဲ ကျင်းပခဲ့ပါတယ်။
2015-10-29
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ရှမ်းပြည်မြောက်ပိုင်းက မိုင်းရှုး၊ ကျေးသီး၊ ဟိုပန်နဲ့ တန့်ယန်းမြို့နယ်တွေက မဲဆန္ဒနယ်မြေတွေကို ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-10-29
ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအတော်များများရဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေလည်း အတော်များများ ပါဝင်ကြပါတယ်။
2015-10-29
နိုင်ငံကျော် အနုပညာရှင်တွေဟာ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဖျော်ဖြေရေး အစီအစဉ်နဲ့ မဲဆွယ်ပေးခဲ့ကြ ပါတယ်။
2015-10-29
နိုင်ငံရေးပါတီတွေကနေ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေလည်း အတော်များများ ပါဝင်ကြပါတယ်။ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်ထဲရောက်ဖို့အတွက် ကိုယ်စားလှယ် တစ်ဦးချင်းစီအလိုက် ကြိုးပမ်းနေတာတွေ ရှိသလို သူတို့တတွေ အရွေးခံရဖို့အတွက် နှိုးဆော်တာတွေလည်း ရှိနေပါတယ်။
2015-10-29
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းက ကမ်းဝေး- ငါးဖမ်းစက်လှေတွေက ရေလုပ်သားတွေဟာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းလောက်အလိုမှာ ပင်လယ်မှာ ငါးဖမ်းထွက်ရမှာ ဖြစ်တာကြောင့် မဲထည့်ဖို့အခွင့်အရေး ဆုံးရံှုံးမယ့်အခြေအနေ ရှိနေတယ်လို့ ပြောကြပါတယ်။
2015-10-29
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်ဆိုင်းဖို့အတွက် တောင်ကြီးမြို့က စူဌာမုနိဘုရားမှာ ရှမ်းတောင်- လူငယ်ကွန်ရက်အဖွဲ့က အောက်တိုဘာလ ၂၈ ရက်နေ့က ဆုတောင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
2015-10-29
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မျိုးစောင့်ဥပဒေ- လေးရပ် ထောက်ခံကြိုဆိုပွဲ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ ဆရာတော်တချို့ရဲ့ သြဝါဒစကားတွေကြောင့် မျိုးစောင့် ဥပဒေအောင်ပွဲ အခမ်းအနားမဟုတ်ဘဲ၊ မဲဆွယ်စည်းရုံးပွဲလို ဖြစ်နေ တယ်လို့ ကျောက်ဖြူမြို့ ဒေသခံတချို့က ဝေဖန်နေကြပါတယ်။
2015-10-29
ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ဟာ သီတင်းကျွတ်လပြည့်- အဘိဓမ္မာအခါတော်နေ့ ဖြစ်တာကြောင့် ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ၊ စတုဒီသာ လှူဒါန်းသူတွေနဲ့ စည်ကားနေပါတယ်၊ RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။