သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-17
မြန်မာနိုင်ငံက အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေမှာ အမုန်းစကား ဖြန့်ဝေမှုတွေ တစ်စထက်တစ်စ များပြားလာနေတာ တွေ့ရပါတယ်။ ဒီလို များပြားလာတာဟာ ဒီမိုကရေစီဖွံ့ဖြိုးစ မြန်မာနိုင်ငံအတွက်တော့ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ပါတယ်။
2017-10-17
လူဦးရေ ၆ သန်းနီးပါး ရှိပြီဖြစ်တဲ့ ရန်ကုန်မြို့မှာ နိုင်ငံတကာ အငှားယာဉ် ကုမ္ပဏီတွေ အပါအဝင် တက္ကစီအငှားယာဉ် အများအပြားရှိနေပါတယ်။
2017-10-17
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဟိန္ဒူဘာသာဝင်တွေထဲမှာ မိသားစုဆွေမျိုးတွေအားလုံး သတ်ဖြတ်ခံရပြီး ခိုကိုးရာမဲ့ဖြစ်သွားတဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။
2017-10-17
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ တပ်မတော်က တရားစွဲထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုကို ၂ဝ၁၇ အောက်တိုဘာလ ၁၆ ရက်- ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-10-17
အရင်အစိုးရလက်ထက် ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၃ ဦးကို နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်တွေ၊ စိတ်ကြွဆေးပြားတွေနဲ့အတူ ၂ဝ၁၇ အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးမိခဲ့ပြီးနောက်၊ အောက်တိုဘာလ ၁၆ ရက်နေ့မနက်ပိုင်းမှာ ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်က Hotel ACE မှာ သေနတ်တွေ ထပ်မံတေ့ွရှိခဲ့ပါတယ်။
2017-10-17
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်က မြောက်ဥက္ကလာပ မြို့မရဲစခန်းမှာ အမှုသုံးမှု ဖွင့်ထားတာနဲ့ ရဲစခန်းက မနေ့ညက အကြောင်း ပြန်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-16
တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါး အမှုတွေနဲ့ ယခင်အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော်မှာ ဖမ်းဆီးထားပါတယ်။
2017-10-16
ကလေးစစ်သာဟောင်း ကိုအောင်ကိုထွေးအမှုကို ဒီကနေ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားရုံးမှာ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2017-10-16
အရင်အစိုးရလက်ထက် ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းအပါအဝင် ၃ ဦးကို လက်နက်ဥပဒေ၊ မူးယစ်ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။
2017-10-16
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ဟာ ငွေကြေးခေါင်းပုံဖြတ်ခံရပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေရှိတဲ့အတွက် တာဝန်ရှိတဲ့ ထိုင်းနိုင်ငံသား လုပ်ငန်းရှင်တစ်ယောက်ကို အမှုဖွင့်တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2017-10-16
မြန်မာနိုင်ငံအတွင်း မသင့်တော်တဲ့ အင်အားသုံးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတွေကို အီးယူ ဥရောပနိုင်ငံတွေဆီ ဖိတ်ခေါ်တာတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ဥရောပနိုင်ငံဝန်ကြီးတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2017-10-16
မွန်ပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းသစ်တွေဆီကနေ လာဘ်ငွေတောင်းယူတယ်ဆိုပြီး တိုင်ကြားခံထားရတဲ့ လွှတ်တော်ရုံး ဦးစီးမှူးကို တဆင့်နိမ့်ရာထူးနဲ့ ကရင်ပြည်နယ်မှာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ဖို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရေးယူလိုက်ပါတယ်။
2017-10-16
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှာ တပ်မတော်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၈ ထောင်ကျော်ထဲက ပြန်လည်စွန့်လွှတ်ထားတဲ့ ဧက ၂၆၀၀ ကို မူလတောင်သူတွေထံ ပြန်လည်ပေးအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2017-10-16
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာ ချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ မောင်တောမြို့နယ်က လောင်းဒုံ နတလ ကျေးရွာ၊ ခုံတိုင်မြိုတိုင်းရင်းသားကျေးရွာနဲ့ ပန်းတောပြင် ကျေးရွာတွေကို ဒီနေ့သွားရောက်ခဲ့ပါတယ်။
2017-10-16
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပတာဟာ မတရားအသင်း အက်ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီး ကိုအမ်းသားကြီး ဆိုသူကို မတရားအသင်းပုဒ်မ ၁၇ (၁) (၂) နဲ့ မနေ့က ဖမ်းဆီးခဲ့ပြီး ဒီနေ့ မြောက်ဦးမြို့နယ်တရားရုံးမှာ တရားစွဲတင်ခဲ့ပါတယ်။