သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာနဲ့ ဝေသာလီကျေးရွာတွေမှာ ဒီမနက်ပိုင်း ၆ နာရီ လောက်ကစပြီး တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ ဒေသခံတွေ ထွက်ပြေးရင်း ကလေး နှစ်ဦး ရေနစ်သေဆုံးခဲ့ရပါတယ်။
2019-10-18
ရိုဟင်ဂျာတွေကို လက်ခံထားတဲ့အတွက် ကော့ဆက်ဘဇားခရိုင်မှာ သစ်တောဧက ရှစ်ထောင်ကျော် ထိခိုက်ပျက်စီးရတယ်လို့ ဘင်္ဂလားဒေ့ရှ် သဘာဝပတ်ဝန်းကျင်၊ သစ်တောနဲ့ ရာသီဥတုဆိုင်ရာ ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2019-10-18
ကျဆင်းလာနေတဲ့ စာအုပ်ထုတ်ဝေရေး လုပ်ငန်းနဲ့အတူ မြန်မာ့စာပေလောကလည်း အတော် အထိနာနေပါတယ်။ စာရေးသူတွေအတွက် ဈေးကွက်ပျက်နေတာကြောင့် စာရေးမယ့်အစား စာပေ ဟောပြောပွဲတွေကိုသာ အားကိုးနေရပါတယ်။
2019-10-18
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်က တောင်တန်းတွေကြားမှာ ကယန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်က ကျဆုံးခဲ့တဲ့စစ်သည်တွေကို မြှုပ်နှံထားတဲ့ အာဇာနည်ဗိမာန်တခု ရှိနေပါတယ်။ ဒီကယန်းအာဇာနည်ဗိမာန် တည်ဆောက်ရေးမှာ မြန်မာ့တပ်မတော်ကလည်း အကူအညီပေးတာတွေလည်း ရှိခဲ့ပါတယ်။
2019-10-18
၂ဝ၁၅ ရွေးကောက်ပွဲမှာ အာဏာရလာတဲ့ NLD အစိုးရဟာ သတင်းမီဒီယာသမားတွေ မျှော်လင့်ခဲ့သလို သတင်းလွတ်လပ်ခွင့်ကို မျက်နှာသာပေးတဲ့ အစိုးရ ဖြစ်မလာပါဘူး။ ဒါပေမယ့် တပ်မတော်က ချုပ်ကိုင်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ သတင်းမီဒီယာတွေက ဆက်သွယ်လာတာတွေကို အလွယ်တကူ လက်ခံနေပါတယ်။
2019-10-18
မြန်မာနိုင်ငံတဝှမ်း အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းဖျက်ဆီး ခံခဲ့ရတဲ့ ဗလီ ၆ဝ ကျော်ကို ပြန်ဖွင့်ပေးဖို့ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် ဌာနဆိုင်ရာတွေကို အစ္စလာမ်ဘာသာသာဝင်တွေက တောင်းဆိုထားပါတယ်။
2019-10-18
NLD အစိုးရလက်ထက်မှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ “နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့လုံခြုံမှု အကာအကွယ်ပေးရေးဥပဒေ” နဲ့ တရားစွဲခံရတဲ့ အမှုတွေ များပြားလာနေပါတယ်။
2019-10-18
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂ဝ၂ဝ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှာ အရပ်ဘက်အုပ်ချုပ်ရေးပိုင်းကို ပြောင်းဖွယ်ရှိတယ်ဆိုတဲ့ ယူဆသူ အများအပြားရှိနေပါတယ်။
2019-10-18
ဘင်္ဂလားဒေ့ရှ်ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်အတွက် မြန်မာအစိုးရဘက်က ဆောင်ရွက်ချက်တွေကို ဒုက္ခသည်တွေသိအောင် အာဆီယံနိုင်ငံတွေက သတင်းစကားဖြန့်ဝေပေးနေတယ်လို့ UEHRD ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာဝင်းမြတ်အေး က ဒီနေ့ ပြောလိုက်ပါတယ်။
2019-10-18
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ တရားလိုရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ထားပေမယ့် တရားရုံးက လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။
2019-10-18
အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ခေါင်းဆောင်တွေ၊ NCA အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တွေနဲ့ သီးခြားစီအလွတ်သဘော ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2019-10-18
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော် အမတ်တွေ ကြည့်ရှုခွင့်မရတော့တာကြောင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ပွင့်လင်းမြင်သာမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက မေးခွန်းထုတ်လာကြပါတယ်။
2019-10-18
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ တပ်မတော်နဲ့ အေအေ အဖွဲ့တို့ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေရာမှာ ဒီနေ့မှာလည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အေအေအဖွဲ့ရဲ့ ယာယီခြေကုတ်စခန်းတစ်ခုကို သိမ်းပိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
2019-10-18
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ဦးကို တရားစွဲထားတဲ့အမှုမှာ တရားလိုရဲတပ်ဖွဲ့က တင်သွင်းတဲ့ သက်သေခံစာရွက်စာတမ်းတွေကို ကန့်ကွက်ထားပေမယ့် တရားရုံးက လက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။
2019-10-18
ဂျပန်နိုင်ငံကို မကြာခင်သွားရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။