သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၁၂ ရက်နေ့က တောင်းဆိုချက်ကို တပ်မတော်က ကြိုဆိုပြီးနောက်ပိုင်း နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေ အားလုံးနီးပါး ရပ်တန့် သွားပါတယ်။
2020-11-17
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာမျက်နှာစာမှာ အဝေဖန်ခံနေရပေမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ လူထုထောက်ခံမှု ရာနှုန်းပြည့်နီးပါးနဲ့ အောင်နိုင်ခဲ့ပါတယ်။
2020-11-17
ကားလမ်းဖောက်ပေးမယ်၊ လျှပ်စစ်မီးရအောင် လုပ်ပေးမယ်ဆိုတာထက် တိုင်းရင်းသားတွေမှာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို လွှတ်တော်တွင်းကနေ တောင်းဆိုပေးသွားမယ်လို့ ကယားပြည်နယ် ဖရူဆိုမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KysDP ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း စောအားဒိုက ပြောပါတယ်။
2020-11-17
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၁၆၂၅ ယောက် ရှိသွားပါပြီ။ ပြီးခဲ့တဲ့ တပတ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံသူ တော်တော်လေးလျှော့ကျသွားပေမယ့် ဒီနေ့ ပြန်တိုးလာတာဖြစ်ပါတယ်။
2020-11-17
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တာဝန်ရှိသူတွေနဲ့ ဒီကနေ့တွေ့ဆုံခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-11-17
မကွေးတိုင်း ပခုက္ကူမြို့နယ်နဲ့ ပွင့်ဖြူမြို့နယ်က ကျေးရွာတချို့ဟာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ကမ်းပါးပြိုတဲ့အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။
2020-11-17
အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကျောင်းသားလေးဦးကို တရားစွဲဆိုထားတာကို ချက်ချင်းရုပ်သိမ်းပေးဖို့ လန်ဒန်အခြေစိုက် မြန်မာ့လူ့အခွင့်ရေးကွန်ရက် (BHRN) က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2020-11-17
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း သာယာကုန်းကျေးရွာ အလှူပွဲကနေပြန်လာတဲ့ ကားတစ်စီး ဒီနေ့မွန်းလွဲ တစ်နာရီလောက်မှာ လိပ်ရနဲ့ ကျွန်းပေါက်ရွာကြားလမ်းမပေါ်မှာ မိုင်းကွဲလို့ ကလေးတစ်ဦး အပါအဝင် လူ သုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိသွားပါတယ်။
2020-11-17
ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တာကြောင့် ကိုယ်စားလှယ်လောင်း ကန့်ကွက် ချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ကို တိုင်ကြားသွားမယ်လို့ မန္တလေးမြို့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြောလိုက်ပါတယ်။
2020-11-17
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးကာလမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး အစိုးရထောက်ပံ့ကြေး မရတဲ့သူတွေ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့ ညွှန်ကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၁၆ ရက်က ပြောသွားပါတယ်။
2020-11-17
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ထွက်ပေါ်လာမယ့် မြန်မာအစိုးရသစ်ကို ကြိုဆိုကြောင်းနဲ့ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေး သုံးပွင့်ဆိုင် ဆွေးနွေးမှုတွေ မကြာခင် စတင်နိုင်မယ်လို့ ပြောကြားလိုက်ပါတယ်။
2020-11-17
ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိကြောင်း နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ရုံးရှေ့မှာ ဆန္ဒပြခဲ့တာကြောင့် အလုပ်နဲ့ ထောင်ဒဏ် တစ်လစီချမှတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အာမခံနဲ့ ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။
2020-11-17
စီးပွားရေးလုပ်ဖို့ ချေးငွေလိုအပ်နေတဲ့ ပြည်သူတွေကို အသေးစားချေးငွေတွေ ပေးနိုင်ဖို့ စီစဉ်နေပြီး လာမယ့် နှစ်ပတ်၊ သုံးပတ်အတွင်း ချေးငွေချထားပေးမယ့် အစီစဉ်တွေကို ပြည်သူတွေထံ ချပြနိုင်ဖို့ ပြင်ဆင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁၆ ရက်နေ့ည မိန့်ခွန်းမှာ ထည့်သွင်း ပြောခဲ့ပါတယ်။
2020-11-16
ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်အလုပ်သမားအဖြစ် အလုပ်လုပ်ခွင့် ပြုလိုက်ပါတယ်။
2020-11-16
နှစ်နိုင်ငံသဘောတူညီချက် MOU နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေက အလုပ်သမားတွေကို အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ် တိုးပေးလိုက်ပါတယ်။